အမူးသမားကြီးတစ်ဦး၏ အိပ်ဖွင့်ကဗျာ

က ကလေးငယ် အမြည်းဝယ်..။
ခရမ်းသီးအရက်မြည်း..။
ဂဏာန်းကြော်အရက်နဲ့ဆော်..။
ငပိထောင်းမြည်းလို့ကောင်း..။
စခန်းမှာ မူးလိုပါ..။
ဆရာကြီး အရက်သမားကြီး..။
ဇရက်ကြော် ဂွတ်တယ်နော်..။
ညနေခင်း သောက်ပွဲဆင်း...။
တောအရက် မိုက်တဲ့ကွဲ့..။
ထန်းရည် သောက်မပြေ..။
ဒညင်းကြော် မိုက်တယ်နော်...။
ဓနိရည် သောက်မယ်လေ..။
နံကင် မြည်းလိုက်ချင်..။
ပုစွန်သုတ် အမြည်းလုပ်...။
ဖဲထုတ် အဖော်လုပ်..။
ဗရာကြော် မြည်းမယ်နော်..။
ဘီယာ သောက်မယ်ကွာ..။
မရမ်းသီး မြည်းသာမြည်း..။
ယုန်ဟင်း ပွဲတော်ခင်း..။
ရိုးရာ သောက်ပွဲပါ..။
လူငယ် သောက်မယ်ကွယ်..။
ဝီစကီ လွမ်းပါသည်..။
သူငယ်ချင်း အရက်သမားအသင်း..။
ဟားဟား
အိမ်အပြန် မူးလို့အန်။
ဒန်း....ဒန်း....ဒန်း





0 comments: