ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန်က ဒီမိုကရေစီဆု ချီးမြှင်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန်အစိုးရက Shaheed Benazir Bhutto Award for Democracy ဆု ချီးမြှင့်လိုက်ပါတယ်။ ကာလရှည်ကြာ ဒီမိုကရေစီရေး တိုက်ပွဲ ၀င်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိပြောင်မြောက်မှူ၊ တရားမျှတမှူ ၊ လူသားဂုဏ် သိက္ခာကို အလေးထား အသိအမှတ်ပြုမှူစတဲ့ အချက်တွေကြောင့် အခုလို ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဆုတံဆိပ်ချီးမြှင့်တဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ပါကစ္စတန် သမ္မတ အာဇစ် အလီ ဇာဒါရီ ကိုယ်တိုင် သွားရောက် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန် သမ္မတ ဇာဒါရီ က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစကား ပြောကြားရင် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီရေး ပြောင်းလဲ မှူတွေ တိုးတက်လာလိမ့်မယ် လို့ မျှော်လင့်ကြောင်း ၊ အခုနှစ်ရာစု ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာလိမ့်မယ်လို့ သူယူဆတဲ့ အကြောင်းနဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ မျိုးဆက်သစ်တွေ အတွက် အားအင်ဖြစ်စေပါလိမ့်မယ် လို့ ပြောသွား ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်အရည်အသွေးနဲ့ စိတ်ဓာတ်တွေ ဟာ ပါကစ္စတန်မှာ ရော နိုင်ငံတကာကိုပါ အားတက်စရာဖြစ်စေခဲ့တယ်လို့လည်း သူကပြောပါတယ်။ ဆုလက်ခံယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာနိုင်ငံမှာ မိသားစုတွေ နစ်နာခံစားနေကြရတာကို အဆုံး သတ်နိုင်အောင် ကြိုးစား ဆောင်ရွက်နေကြောင်းနဲ့ မိသားစု အားလုံး အခွင့်အရေးတွေ ရအောင် ကောင်းမွန်တဲ့ ဂုဏ်သိက္ခာတွေ နဲ့ ပြည့်စုံအောင် နှစ်နိုင်ငံပူးတွဲဆောင်ရွက်နိုင်တဲ့ အချိန်ကို ရောက်လာ မယ်လို့ သူမျှော်လင့်ကြောင်း ပြောသွားပါတယ်။






0 comments: