ပန်းတနော်တွင် ဦးသန့်ရုပ်တုထားရှိမည်

ထုလုပ်နေဆဲဖြစ်သော ဦးသန့် ရုပ်တုပြီးစီးပါက ပန်းတနော်မြို့ရှိ ဦးသန့်အမှတ်တရ စာကြည့်တိုက် တွင် ထားရှိမည် ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၁ ရက်နေ့က ပြု လုပ်သော ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ၏ ၁ဝ၃ နှစ် ပြည့်မွေးနေ့ဆွမ်းကျွေး အလှူတွင် ပန်းတနော် အသင်းမှ ဦးဝင်းမောင်က ထိုသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။ ''အဲဒီစာကြည့်တိုက် အုတ်မြစ် ချပွဲကို လာမယ့်ပြည်ထောင်စုနေ့ ကျရင် ပန်းတနော်မှာလုပ်မယ်လေ။ ပန်းပုရုပ်ကတော့ လုပ်နေတုန်းပဲ။ ဆရာဦးတင်ဝင်းထွန်းနဲ့အတူ ပန်းချီ မင်းဝေအောင်နဲ့ ပန်းချီ သိန်းရွှေ ကြည်တို့လည်း ပါတယ်ဗျ။ ပန်းချီ ဆရာတွေကတော့ ဝိုင်းဝန်းပံ့ပိုးကြ တာပါ။ ထုတာကတော့ ဦးတင်ဝင်း ထွန်းနဲ့ အဖွဲ့ပေါ့''ဟု သူက ပြောပါ သည်။ ဦးသန့်၏သမီးဖြစ်သူ ဒေါ်အေး အေးသန့်နှင့် ပန်းတနော်အသင်းမှ တာဝန်ရှိ သူများက အဆိုပါမွေးနေ့ ဆွမ်းကျွေးကို စီစဉ်ခဲ့ကြခြင်းဖြစ်ပြီး မြို့မကျောင်းလမ်း အိမ်တော်ရာ ဘုရားဝင်းအတွင်းရှိ ဒက္ခိဏာရုံ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

ဆွမ်းကျွေးအခမ်းအနားဝယ် သီလဆောက်တည်မှု ပြီးသည့် နောက် ၁၉၇ဝ ခုနှစ်က ဦးသန့်ကိုယ်တိုင် ကုလသမဂ္ဂရုံးချုပ်သို့ ဖိတ်ကြားကာ ငြိမ်းချမ်းရေးကမ္မဋ္ဌာန်း စီးဖြန်းစေခဲ့သော ဆရီ ချင်းမွိုင်၏ ငြိမ်း ချမ်းရေးကမ္မဋ္ဌာန်း အဖွဲ့ဝင်များကလည်း ဆရီချင်းမွိုင်ကိုယ်တိုင် ဦးသန့်အား ဂုဏ်ပြုစပ်ဆိုထားသော အောက်မေ့ဖွယ် တေးသီချင်းသုံးပုဒ်ကို မွေးနေ့ဆွမ်းကျွေး အခမ်းအနားတွင် ဂုဏ်ပြုရွတ်ဆိုခဲ့ ကြသည်။ ယင်း တေးသီချင်းများကို ဆရီချင်းမွိုင်က ဦးသန့်ကွယ်လွန်ပြီးနောက် (၂) နှစ် အကြာ ၁၉၇၆ ခုနှစ် ဧပြီ ၁ ရက် နေ့တွင် ဂုဏ်ပြုစပ်ဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ သံဃာတော်များအား ဆွမ်းဆက်ကပ်အပြီးတွင် ဒေါ်အေးအေးသန့်နှင့်အဖွဲ့တို့သည် ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကန်တော်မင်ပန်းခြံ အနီးရှိ ဦးသန့်အုတ်ဂူသို့ သွားရောက်ကာ သန့်ရှင်းရေးများပြုလုပ်ခြင်း၊ ဂါရဝပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ထုလုပ်နေဆဲ ဦးသန့်ရုပ်တုအား လည်း သွားရောက်ကြည့်ရှုခဲ့ကြ သည်။ လွန်ခဲ့သည့် ရက်အနည်း ငယ်ကလည်း ပန်းတနော်မြို့ရှိ ဦးသန့်ဇနီး ဒေါ်သိန်းတင်၏ အုတ်ဂူ တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဂါရဝ ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

''ပန်းတနော်မှာကတော့ ဆရာ ကြီးဦးသန့်စာကြည့်တိုက်ကိုပဲ လုပ်မှာပါ''ဟု ပန်းတနော်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သဖြင့် ကမ္ဘာက လေးစားရသည့် မြန်မာတစ်ဦးဖြစ် သော ဝဏ္ဏကျော်ထင်၊ သီရိပျံချီ၊ စည်သူ၊ မဟာသရေစည်သူနှင့် ဒေါက်တာဘွဲ့(၁၇)ဘွဲ့ရ ဦးသန့်ကို ဖခင် ဦးဘိုးနှစ်နှင့် မိခင် ဒေါ်နန်း သောင်တို့က ၂၂-၁-၁၉ဝ၉ တွင် မွေးဖွားခဲ့ပြီး၊ ၂၅-၁၁-၁၉၇၄ က နယူးယောက်မြို့တွင် အဆုတ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ သည်။



By Popular Myanmar News Journal

0 comments: