အခြေခံပညာအထက်တန်းကို ၁၂ တန်းပညာရပ်အဖြစ် တိုးမြှင့်ရန် ပညာရေးဝန်ကြီးဌာနမှ အကောင် အထည်ဖော်ပြီးပါက နိုင်ငံတကာ တက္ကသိုလ်များသို့ တိုက်ရိုက်ဆက်လက် တက်ရောက်နိုင်မည် ဖြစ် ကြောင်း ပြည်တွင်းပညာရေး အတိုင်ပင်ခံများက ပြောသည်။ အဆိုပါ ဆောင်ရွက်ချက်ကို အကောင် အထည်ဖော်ရန်အတွက် ပညာရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်ဟု သိရသည်။ “အခုလက်ရှိ Grade 11 အထိ တက်ရောက်ရပါတယ်။ Grade 12 ကို တိုးမြှင့် ခဲ့မယ်ဆိုရင်တော့ နိုင်ငံတကာနှင့် တစ်ပြေးညီ ဖြစ်သွားမှာဖြစ်ပြီး Grade 12 အောင်မြင်ရင် နိုင်ငံတကာ တက္ကသိုလ်တွေမှာ ဆက်လက် တက်ရောက်နိုင်မှာဖြစ်တယ်။ ဒါပေမဲ့ အရည်အချင်းပြည့်ဝတဲ့ ကျောင်းသားအများအပြား ပေါ်ပေါက် ဖို့ လိုအပ်နေပါသေးတယ်။ နိုင်ငံတကာပညာရေးအတိုင်ပင်ခံ ဦးမိုးသူက ပြောကြားသည်။
လက်ရှိပြည်ပသို့ သွားရောက်ကျောင်းတက် မည်ဆိုပါက တိုက်ရိုက်တက်၍ ရရှိမည်မဟုတ်ဘဲ သက်ဆိုင်ရာ တက္ကသိုလ်၏ ဝင်ခွင့်စာမေးပွဲအပါအဝင် စာမေးပွဲအချို့အား အချိန်ကာလ တစ်ခုအထိ တက်ရောက်ပြီးမှသား ၎င်းတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခွင့်ရကြောင်း သိရသည်။ “Grade 12 ဆိုတာက နိုင်ငံတကာနဲ့ တစ်ပြေးညီရှိတဲ့ အတန်းပညာရပ်တစ်ခုဖြစ်ပါတယ်။ ပြည်တွင်းကနေ ပြည်ပတက္ကသိုလ်ကို တက်ရောက်မယ့် ကျောင်းသားတွေ အနေနဲ့ GCE “A” Level အထိ တူညီတဲ့ အရည်အချင်းရှိဖို့ လိုပါတယ်။ အခြေခံပညာအထက်တန်းအဆင့် တိုးမြှင့်တဲ့နေရာမှာ အဓိကအချက် အနေနဲ့ သင်ကြားမှုနဲ့ မေးခွန်းတွေကောင်းဖို့ လိုအပ်ပါတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ ပညာ ရေး အတိုင်ပင်ခံတစ်ဦးမှ ပြောကြားသည်။ ထိုကဲ့သို့ ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် အရည်အချင်းပြည့်ဝသော ဆရာများ ပေါ်ပေါက်ရန် အဓိကလိုအပ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
0 comments:
Post a Comment