ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တို့ သည် ဇန်နဝါရီလ ၂၄ရက်နေ့ ည နေပိုင်းက ဒေါ်အောင်ဆန်း စုကြည် နေအိမ်၌ တွေ့ဆုံခဲ့ကြပါသည်။

"ကျွန်တော်တို့ရဲ့တွေ့ဆုံမှုက အလုပ်သဘောလုံးဝ မပါပါဘူး။ ကျွန်တော်တို့က ၁၉၈၈၊ ၁၉၈၉ခုနှစ် မှာ တွေ့ခဲ့ကြပေမယ့် ဒီနောက်ပိုင်း ကျွန်တော်တို့ အပြင်မှာ ရှိနေချိန်မှာ အန်တီက နေအိမ် အကျယ် ချုပ်ဖြစ်နေ၊ အန်တီက အပြင်မှာရှိနေတဲ့ အချိန်မှာ ကျွန်တော်တို့က ထောင်ထဲ ရောက်နေနဲ့ ကျွန်တော် တို့တွေ မဆုံဖြစ်ခဲ့ကြပါဘူး။ အခုမှ ပြန်ဆုံကြရတာပါ။ ကွဲကွာနေတဲ့ မိသားစုဝင်တွေ ပြန်တွေ့ကြတဲ့သဘောပါပဲ။ ည နေ ခြောက်နာရီကနေ ရှစ်နာရီအထိ နှစ်နာရီလောက် တွေ့ခဲ့ကြပါ တယ်။ အန်တီက ကျွန်တော်တို့ကို ညစာနဲ့ ဧည့်ခံခဲ့ပါတယ်။ နောက်ပြီး ယောလုံချည် တစ်ထည်စီ လက်ဆောင် ပေးခဲ့ပါတယ်။ ထောင်ထဲက အတွေ့အကြုံတွေကိုပဲ ရယ်ရယ်မောမောပြန်ပြီး ပြောဖြစ် ခဲ့ကြပါတယ်" ဟု ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမြအေးက ပြောပြ ခဲ့ပါသည်။

အဆိုပါတွေ့ဆုံမှုသို့ ၈၈ မျိုး ဆက်ကျောင်းသားကိုးဦး တက်ရောက်ခဲ့ပြီး တွေ့ဆုံခဲ့ကြသူများမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုဌေးကြွယ်၊ ကိုအောင်သူနှင့် ကိုပဏ္ဍိတ်ထွန်းတို့ဖြစ်ကြကြောင်း သိရှိရပါသည်။





0 comments: