တောင် အာရှတွင် အမြင့်ဆုံး မျှော်စင် အဆောက်အအုံ သီရိလင်္ကာ နိုင်ငံတွင် စတင် တည်ဆောက်


သီရိလင်္ကာ နိုင်ငံ ကိုလံဘို မြို့မှာ တည်ဆောက်မယ့် မျက်နှာပြင်များစွာ ပါဝင်တဲ့ ကြာပန်း မျှော်စင် တည်ဆောက်မှု လုပ်ငန်းတွေကို ပြီးခဲ့တဲ့ သောကြာနေ့က စတင်နေပြီ ဖြစ်ပါတယ်။ အဆို ပါ ကြာပန်း မျှော်စင်ဟာ တောင် အာရှ ဒေသမှာ အမြင့်ဆုံး မျှော်စင် အဆောက်အ အုံ ဖြစ်လာမှာ ဖြစ် ပြီး နောင် အနာဂတ်မှာ သီရိလင်္ကာ နိုင်ငံရဲ့ နိုင်ငံတော် အထင်ကရ အဆောက်အအုံ တစ်ခု ဖြစ်လာမယ်လို့ သိရပါတယ်။
အဲ့ဒီ မျှော်စင် အဆောက်အအုံ ကို သမ္မတ မာဟင်ဒါ ရာဂျာပတ်ဆာရဲ့ အစီအစဉ်နဲ့ Bere ရေကန် အနီးက မြေ အကျယ်အ၀န်း ၃.၆ ဟက်တာ မှာ တည်ဆောက်တာ ဖြစ်ပြီး အမြင့်မီတာ ၃၅၀ ရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီမျှော်စင် အဆောက်အအုံ တည်ဆောက်ဖို့ အတွက် ကုန်ကျစရိတ် အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ကျော် ကုန်ကျမှာ ဖြစ်ပြီး တရုတ် ဆောက်လုပ်ရေး ကုမ္ပဏီတွေ ဖြစ်တဲ့ C.E.I.EC နဲ့ A.L.I.T တို့က တာဝန်ယူ တည်ဆောက် ပေးနေတာ ဖြစ်ပါတယ်။

အဲဒီ မျှော်စင်မှာ ဒစ်ဂျစ်တယ် မီဒီယာ အဖွဲ့အစည်း ၁၀၀ နဲ့ တယ်လီကွန်မျူနီကေးရှင်း ၀န်ဆောင်မှု လုပ်ငန်း ၂၀ အတွက် ရုံးနေရာ ပေးထား မှာ ဖြစ်သလို ကြယ်ငါးပွင့် အဆင့် ဟိုတယ်တွေ ၊ ရုံးတွေ ၊ ပြပွဲ ခန်းမတွေနဲ့ အခြား ဘက်စုံသုံး ခန်းမတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

http://www.mrtv4.net.mm/

0 comments: