အာရှအကောင်းဆုံး ဘလော့ဂ် ဒုတိယပြေးနေတဲ့ အရှင် မေတ္တာစာရ

07/01/2009

နှစ်သစ်ကူးပြောင်းသော အချိန်အခါများတွင် ကမ္ဘာပေါ်ရှိ ဘလော့ဂ် အဝန်းအဝိုင်းများတွင် မိမိတို့ သက်ဆိုင်ရာ ဘာသာစကားများ အလိုက် တနှစ်တာ၏ အကောင်းဆုံး ဘလော့ဂ်များအား

တနှစ်တာ အကောင်းဆုံး ရွေးချယ်ပွဲများ ကို ပြုလုပ်လေ့ ရှိရာ ကမ္ဘာ့ ဘလော့ဂ်ဂါများ အတွက် အထင်ကရဖြစ်သော ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့သည့် ဝဘ်ဘလော့ဂ် ဆုကို အင်တာနက် အွန်လိုင်းမှ မဲပေးပွဲကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ကတည်းကပင် စတင်လိုက်ပြီ ဖြစ်သည်။

တကမ္ဘာလုံးရှိ ဘလော့ဂ်များအား အမျိုးအစားစုံလင်စွာ ဆု ချီးမြှင့်သော ဝဘ် ဘလော့ဂ်ဆုသည် ယခုနှစ်တွင် ပြိုင်ဝင် ဘလော့ဂ် အမျိုးအစားပေါင်း ၄၈မျိုး ပါရှိကာ ဇန္နဝါရီလ (၁၂) ရက်နေ့တွင် အဆုံးသတ်ကာ အမျိုးအစားအလိုက် မည်သည့် ဘလော့ဂ် ဆုရရှိသည်ကို ကြေညာမည် ဖြစ်သည်။

ယခင်နှစ်က ယင်းပြိုင်ပွဲသို့ ကမ္ဘာအရပ်ရပ် အွန်လိုင်းမှ ၂ ဘီလီလျံ မဲပေးခဲ့ကြပြီး၊ မြန်မာနိုင်ငံကဲ့သို့ အင်တာနက် အွန်လိုင်းများ ထိမ်းချုပ်ထားရာ နေရာများမှ ပရောက်ဆီ ကျော်၍ မဲပေးလျှင် အလုပ်လုပ်မည် မဟုတ်ပေ ။ ယခင်နှစ်က စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနှင့် တဟုန်ထိုး ကျော်ကြားလာသော မြန်မာဘလော့ဂ်ဂါ ကိုထိုက် ဘလော့ဂ် ပါဝင်ခဲ့သည်ဟု သိရှိရပြီး၊ ယခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားနေသော သီရိင်္လကာနိုင်ငံမှ မြန်မာ ဘလော့ဂ်ဂါ အရှင်မေတ္တာ စာရ မှာ အာရှ အကောင်းဆုံး ဘလော့ဂ် အမျိုးအစားတွင် ဒုတိယနေရာ၌ ရှိနေသည်၊ ပထမ နေရာမှာ အိန္ဒိယမှ Uncut ဘလော့ဂ်မှာ ထိပ်ဆုံးမှ ပြေးနေသည်။
မဲပေးရန် နေရာမှာ http://2008.weblogawards.org/polls/best-asian-blog/ ဖြစ်ပါသည်။
http://www.peoplemediavoice.com/news-int-mm/best-asian-blog-ashin.htmlမှကူးယူဖေါ်ပြသည်။

0 comments: