ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး


“ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား။
ပထမတစ်မျိုးက လက်နက်ကိုင်ပြီးတိုက်ရဲတယ်။ သတ်ရဲဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက မတိုက်ရဲမခိုက်ရဲ ၊ မသတ်ရဲမဖြတ်ရဲဘူး ၊ အသေလည်းမခံရဲဘူး ၊ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက်အပင်ပန်းခံ အဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိုင်တယ်၊ စားစရာရရင်စား မရရင်မစားဘဲ ဇွဲနပဲနှင့်အငတ်ခံနှိင်တယ်။ တတိယအမျိုးအစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အဆင်းရဲ အငတ်အပြတ်လည်းမခံနှိင်ဘူး၊ ခပ်ကြောကြောလေးဝတ်စားပြီး ဦးနှောက်သုံးပြီး တိုင်းပြည်အကျိုးအတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိုင်တယ် ဆိုတဲ့လူစားမျိုးဖြစ်တယ်။ ခင်ဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျာကို ကျုပ်တာဝန်ပေးစရာရှိတယ်”
အထက်ပါစကားကို ရွှေတိဂုံအလယ်ပစ္စယံ လူထုညီလာခံသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) ဒုတိယ ဥက္ကဌ၊ ညီလာခံကိုယ်စားလှယ်အဖြစ်တက်ရောက်ကာ “ညီလာခံအဆိုအမှတ်(၇) တောင်တန်းနယ်ဒေသနှင့် ပြည်မ ပူးတွဲလွတ်လပ်ရေးရယူသင့်ကြောင်း အဆို” တင်သွင်းခဲ့သူ ဦးဖေခင်အား မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တွေ့ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဦးဖေခင်နှင့် ဗိုလ်ချုပ်တို့သည် တက်္ကသိုလ်ကျောင်းသားဘ၀ကပင် သိကျွမ်းကြသူများ ဖြစ်သည်။ ၁၉၃၀ပြည့်နှစ်တစ်ဝိုက်က ပဲခူးဆောင်တွင် အတူနေခဲ့ကြသူများ၊ အဆောင်သဟာယ နှင့် စာဖတ်သင်း အမှုဆောင် မဂ္ဂဇင်းအယ်ဒီတာနေရာအတွက် မဲပြိုင်ခဲ့ကြဖူးသူများဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်အနေဖြင့် ဦးဖေခင်၏ စည်းရုံးရေးစွမ်းရည်ကို ကိုယ်တွေ့သိရှိခဲ့သည်။
ကျောင်းကထွက်ကြသောအခါ ဗိုလ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲရောက်သွားပြီး ဦးဆောင်နေစဉ် ဂျပန်ခေတ်ကာလအထိ သူတို့နှစ်ဦးပြန်လည်မဆုံဖြစ်ကြ။ ဦးဖေခင်ကလည်း ယင်းကာလ တစ်လျှောက် တောင်ကြီးမြို့တွင်နေထိုင်ကာ တောင်တန်းဒေသတိုင်းရင်းသားများနှင့် အစဉ်တွေ့ဆုံပြီး တိုင်းရင်းသားများနောင်ရေးကို စိုးရိမ်စိတ်ထားနေမိသည်။ နိုင်ငံရေးလုပ်ရန် မူလကရည်ရွယ်ချက် မရှိသော်လည်း စိတ်ဝင်စားမှုရှိသူဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနယ်ပယ်ထဲ ဆွဲသွင်း၍ ဖဆပလအဖွဲ့ချုပ်အလုပ်အမှုဆောင် ဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နယ်ခြားဒေသဌာနခွဲ အတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်တာဝန်ပေးခန့်အပ်ခဲ့သည်။

ထိုခေတ်အခြေအနေကို သိမြင်နိုင်ရန်အနည်းငယ်ဖော်ပြလိုပါသည်။ ညီလာခံကျင်းပချိန် (၁၉၄၆ ဖေဖော်ဝါရီလ) သည် ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်လက်ထက် ဗြိတိသျှအလိုတော်ရိ “ဆာပေါ်ထွန်း”အစိုးရခေတ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့က တိုင်းရင်းသားပြည်သူများအား သွေးခွဲအုပ် ချုပ်သည့် “Divide and Rule” စနစ် တည်တံ့ရေးအတွက် အစွမ်းကုန်ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး ရှမ်းပြည်နယ်မှ တိုင်းရင်းသားကိုယ်စားလှယ်များ ပြောင်ပြောင်တင်းတင်း ထင်ထင်ပေါ်ပေါ် ညီလာခံမတက်ရောက်ဝံ့ကြသည့် ကာလဖြစ်သည်။ ထိုအခြေအနေမျိုးတွင် တာဝန်ခံပြောဆိုပေးသည့် ဦးဖေခင် အား ဗိုလ်ချုပ်အနေဖြင့် ယုံကြည်စွာတာဝန်ပေးခဲ့ ခြင်းပင်ဖြစ်ပါသည်။
ယင်းသို့ တာဝန်ပေးခဲ့ပြီး တစ်နှစ်ခန့်အကြာ ၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဗိုလ်ချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ကာ နန်းရင်းဝန်မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေးရယူရာတွင် တောင်တန်းနှင့်ပြည်မပူးတွဲရယူမည် ဖြစ်ကြောင်း ပြတ်သားစွာတောင်းဆိုခဲ့ကြသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးနေကြစဉ်တွင် ရှမ်းပြည်နယ်မှ စော်ဘွားနှစ်ဦးအမည်ဖြင့် “အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင်တစ်ဦးသာဖြစ်ကြောင်း ” ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရထံသို့ ရောက်လာသည်။ တောင်တန်းဒေသလွတ်လပ်ရေးအတွက် ရတက်မအေးဖွယ်အခြေအနေပင်။
ထိုအချိန်တွင် ဦးဖေခင်၏ ဦးဆောင်စည်းရုံးမှု၊ စွမ်းစွမ်းတမံ စည်းရုံးကြိုးပမ်းဆောင်ရွက်မှုကြောင့် တောင်ကြီးမြို့၌ကျင်းပသည့် လူထုအစည်းအဝေး၏ တစ်ခဲနက် ထောက်ခံဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေသအားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင်ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ထောက်ခံကြောင်း ကြေးးနန်းတစ်စောင် လန်ဒန်သို့ နောက်နှစ်ရက်ခန့်အကြာတွင် ပြတ်သားစွာ ပေးပို့ရေးသားဖော်ပြနိုင်ခဲ့သည်။
အဆိုပါကြေးနန်းကြောင့်လည်း ဆွေးနွေးပွဲပြေလည်ချောမောကာ မြန်မာ့လွတ်လပ်ရေးအာမခံ ချက်ပေးသည့် ““ အောင်ဆန်း-အက်တလီ စာချုပ် ” ကို (၂၇-၁-၁၉၄၇)တွင် အောင်မြင်စွာ ချုပ်ဆိုနိုင် ခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာပြည်သို့ ဗိုလ်ချုပ်တို့ပြန်လာကြကာ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့သို့ ညီလာခံတက်ရောက်ကြကာ ဆက်လက်ဆွေးနွေးကြသည်။ ဖေဖော်ဝါရီလ (၁၁)ရက်နေ့အထိ ကိုယ်စားလှယ်အားလုံးလက်မှတ်ရေးထိုးရန် မသေချာဘဲ လိပ်ခဲတည်းလည်း ဖြစ်နေကြရသည်။ ဗိုလ်ချုပ်ကိုယ်တိုင် စိတ်ပျက်လာရာမှ သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှအား ရန်ကုန်ပြန်တော့မည်ဆိုကာ လက်မှတ်ဝယ်ခိုင်းခဲ့သည်။ ဗိုလ်ထွန်းလှက ဦးဖေခင်နှင့်တိုင်ပင်ကာ လက်မှတ်မ၀ယ်သေးဘဲ နှစ်ဦးသား တစ်ဖက်မှ လူမျိုးစုခေါင်းဆောင်ကြီးများအား ကြိုးစားစည်းရုံးရင်း တစ်ဖက်မှလည်း ဗိုလ်ချုပ်အား ရန်ကုန်မပြန်ရန် ဖျောင်းဖျပြောဆိုခဲ့ခြင်းသာ နောက်တစ်နေ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် “ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ” ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။ “ ပင်လုံစာချုပ် ” ကိုအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးအတွက် အရေးဆိုသည့် ထိုအချိန်ထိုကာလက နိုင်ငံရေးအခြေအနေသည် အလွန် ပါးနပ်စွာ ကိုင်တွယ်ခြင်းမပြုပါက လွတ်လပ်ရေးနှင့် အလှမ်းဝေးသွားနိုင်သည့် အခြေအနေမျိုးပင်။ ဗြိတိသျှတို့၏ သွေးခွဲမှုအောက်တွင် တစ်ဦးနှင့်တစ်ဦး စိမ်းကားလျက်ရှိပြီး နက်ရှိုင်းစွာသံသယ၀င်နေ ကြသည့်အချိန်အခါတွင် “ ပြည်ထောင်စု ” တစ်ခုအောင်မြင်စွာ ပေါ်ထွန်းလာရေးအတွက် အဓိက အကျဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုသည့် ထိုနေ့ကို “ ပြည်ထောင်စုနေ့ ” အဖြစ် သတ်မှတ်ခဲ့ပါသည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် “ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ” အတွက် ဗိုလ်ချုပ်ကိုယ်တိုင် လုထုခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ပေးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် ကွန်ဂရက်(ဗမက) ၏ ဒု-ဥက္ကဋ္ဌ ဦးဖေခင် တာဝန်ကျေပွန်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။
နောင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည့်နောက်တွင် ဦးဖေခင် သည် ၀န်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ကမ္ဘာ့ကုလသမဂ္ဂ (နယူးယောက်)၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှ၊ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ နှစ်ပေါင်း ၂၅ နှစ်ကာလတာမျှ တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင် ခဲ့ပြီး နိုင်ငံတော်မှ မဟာသရေစည်သူဘွဲ့နှင့် နိုင်ငံဂုဏ်ရည်ပထမအဆင့်ဘွဲ့များ ချီးမြှင့်ခံယူခဲ့ရကာ ရန်ကုန်မြို့၌ပင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားပြီဖြစ်ပါသည်။

( ကိုးကား - ဦးဖေခင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ရေးသားခဲ့သော အခန်းဆက်ဆောင်းပါးကို ရဲခေါင်မောင်မောင် ဘာသာပြန်သည့် ကိုယ်တွေ့ပင်လုံ စာအုပ် ဆဋ္ဌမအကြိမ်၊ ၁၉၉၀ ပြည့်နှစ်ထုတ် )
-------------------------------------------------------------------------------------
ဗိုလ်ချုပ်ကိုယ်တိုင် ရွေးချယ်သည့် လူထုခေါင်းဆောင်နောက်တစ်ဦးအဖြစ် တင်ပြလိုသူမှာ ဦးရာရှစ် ဖြစ်ပါသည်။ ဦးရာရှစ်သည်လည်း ဗိုလ်ချုပ် (ထိုစဉ်ကသခင်အောင်ဆန်း)၊ သခင်နုတို့နှင့်ကျောင်းနေဖက်တစ်ဦးဖြစ်သည်။ ဗမာ့အမျိုးသားရေးလှုပ်ရှားမှုတွင် ကနဦးအစကတည်းက ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ။ သခင်အောင်ဆန်း အယ်ဒီတာအဖြစ် ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် “ ငရဲခွေးကြီး လွတ်နေပြီ ” အမည်ရှိ ဆောင်းပါးဖော်ပြခဲ့မှုအတွက် သခင်အောင်ဆန်း ဖမ်းဆီးခံထားရချိန်တွင် သခင်နု နှင့်အတူ တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သားသပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။ တကသ ကိုယ်စားလှယ် ကောင်စီလူကြီး အဖြစ် ပထမဆုံး တာဝန်ယူလုပ်ဆောင်ခဲ့သည်။

ဗိုလ်အောင်ကျော်ကျဆုံးသည့်အမှုတွင် ကျောင်းသားများဘက်မှ ရှေ့နေ လိုက်ခဲ့သူလည်း ဖြစ်သည်။ ဝတ်လုံတော်ရရှေ့နေ တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် ဖြစ်သည်တွင် မိဘများက အိန္ဒိယသို့ ထွက်ပြေးခဲ့ရာ ဂျပန်ခေတ်တစ်လျှောက်လုံး အိနိ္ဒယနိုင်ငံ၌ ရှိနေစဉ် သခင်သိန်းဖေ ( စာရေးဆရာ တက်ဘုန်းကြီး သိန်းဖေမြင့် ) နှင့် အခြားမြေအောက်နိုင်ငံရေးသမားများအား မိမိအိမ်၌ အခမဲ့တည်းခိုနေထိုင်စားသောက်စေ၍ ဂျပန်ကို ပြန်လည်တော်လှန်မည့် မဟာမိတ်အင်္ဂလိပ်တို့နှင့် ဆက်သွယ်ရန် ကူညီပေးခဲ့သည်။ ဗိုလ်ချုပ်တို့ မဟာမိတ်တို့နှင့်ပူးပေါင်းကာ ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေးအရယူရန် ပြင်ဆင်နေချိန်တွင် ဗိုလ်ချုပ်ကိုယ်တိုင်က ဦးရာရှစ်ကို ဆက်သွယ်၍ “ဗမာပြည်ပြန်လာပါ။ ခင်ဗျားအကူအညီ ကျုပ်တို့လိုတယ် ” ဟုဆိုကာ တိုင်းပြည်တည်ထောင်ရေးအတွက် ပြန်လည်ခေါ်ယူခဲ့သည်။ လေဆိပ်သို့ပင် ဗိုလ်ချုပ်ကိုယ်တိုင် ကြိုဆိုခဲ့သည်။

ဖဆပလ အဖွဲ့၌ ပါဝင်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီဝင်၊ အလုပ်သမား ဥပဒေပြုကော်မတီတွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်သူ့ လွှတ်တော် တွင်၎င်း၊ လူမျိုးစု လွှတ်တော်တွင်လည်းကောင်း အမတ်အဖြစ် ပါလီမန်ဒီမိုကရေစီခေတ်တွင် အဆက်မပြတ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ နိုင်ငံတော်အစိုးရအဖွဲ့များတွင် ပြည်သူ့အိုးအိမ်၊ဆောက်လုပ်ရေးနှင့် အလုပ်သမားဌာနဝန်ကြီး(၁၉၅၂)၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အလုပ်သမားဝန်ကြီး (၁၉၅၄)၊ သတ္တုတွင်းဌာနဝန်ကြီး (၁၉၅၆ - ၅၈)၊ အမျိုးသားစီမံကိန်းဝန်ကြီးနှင့် စက်မှု၊သတ္တုနှင့်အလုပ်သမားဝန်ကြီး (၁၉၆၀) စသည့်တာဝန်များ ထမ်းရွက်ခဲ့သည်။ အလုပ်သမားနှင့် စပ်ဆိုင်သော ဘုတ်အဖွဲ့ အသီးသီး၊ စုံစမ်းရေး ကော်မတီ အမျိုးမျိုးတွင် သဘာပတိ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအလုပ်သမားအဖွဲ့၊ လူမှုဖူလုံရေးအဖွဲ့၊ အမျိုးသားအိုးအိမ်အဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့နှင့် အမျိုးသားလူငယ်ကောင်စီ များတွင်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ပသို့ သွားရောက်သော ကိုယ်စားလှယ်အဖွဲ့အမျိုးမျိုးတွင် ခေါင်းဆောင်အဖြစ် ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်ဖြင့်လည်းကောင်း လိုက်ပါခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သရဖူဆု ချီးမြှင့်ခြင်းခံရသည်။ ၁၉၆၀ ခုနှစ်တွင် ဗမာ့ စက်မှုလက်မှုကောင်စီ သဘာပတိ အဖြစ်လည်းကောင်း၊ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီ တွင်လည်းကောင်း တာဝန် ထမ်းရွက်ခဲ့သည်။ ဖဆပလနှစ်ခြမ်းမကွဲခင် ၁၉၅၈ ခုနှစ်တွင် သူသည် TUCB (Trade Union Council of Burma – ဗမာ့ကုန်သွယ်ရေးသမဂ္ဂကောင်စီ ) တွင် ဒုဥက္ကဌ ဖြစ်ခဲ့သေးသည်။ အိန္ဒိယသွေးပါသူဦးရာရှစ်အား နေရာပေးမှုအပေါ် သြဇာအကြီးဆုံး အသိုင်းအ၀ိုင်းကအပြင်းအထန်ဖိအားပေးလင့် ကစား သူ၏မဆုတ်မနစ် ခေါင်းဆောင်မှုကြောင့် အရာမကျခဲ့ပေ။ ဦးနုက (အတိုက်အခံများနှင့်ရန်ရှင်းသွားအောင်) သူ့နာမည်အား ဦးရန်ရှင်းဟု ပြောင်းရန်တိုက်တွန်းခဲ့ရာ အမာခံမွတ်စလင်မ်ဖြစ်သူ ဦးရာရှစ်က လက်မခံပဲပယ်ချခဲ့ပြီး သူ့နာမည်ရှေ့တွင် “ဦး”ကိုသာတပ်ခဲ့သည်။ ဦးရာရှစ်၏အစ်ကိုဖြစ်သူ ဒေါက်တာအမ်၊အေ၊ရအူးဖ်မှာ အိန္ဒိယနိုင်ငံခြားရေးဌာနတွင် သံအမတ်တစ်ဦး ဖြစ်ခဲ့သည်။ ငါးဆယ်ပြည့်နှစ်စောစောပိုင်းကာလများတုံးက ဗမာနိုင်ငံတွင် သူ့နိုင်ငံကို ကိုယ်စားပြုပြီးတာဝန် ထမ်းဆောင်သွားခဲ့သည်။
ဤနေရာတွင် ဦးရာရှစ်နှင့် ပတ်သက်သော တိမ်မြုပ်နေသည့် ဖြစ်ရပ်တစ်ခုကို ပြန်လည်မျှဝေ လိုပါသည်။ သမိုင်းကို မှတ်တမ်းတင်ရာတွင် အထောက်အထား၊ အတိအကျကိုးကားဖော်ပြနိုင်ခြင်း မရှိသည့်အချက်သည် မော်ကွန်းတင်ထိုက်စရာ၊ မှတ်ကျောက်တင်ခံနိုင်စရာ အထောက်အထားမဟုတ် နိုင်ကြောင်း ကောင်းစွာနားလည်ပါသည်။ သို့သော် မိမိဖတ်မှတ်ကြားသိထားသည့်အချက်ကို မဖော်ထုတ်ဘဲ ထိန်ချန်ခြင်းသည်လည်း သမိုင်းကို သစ္စာဖောက်ခြင်းဖြစ်သည်ဟု ခံယူမိသည့်အတွက် ဤအချက်ကို ရေးသားဖော်ထုတ်ပါမည်။ ၁၉၈၀ ပြည့်လွန်နှစ်များက သခင် အောင်ကြီး(ပေါင်းတည်) ပေဖူးလွှာမဂ္ဂဇင်းတွင် အခန်းဆက်ရေးသားခဲ့သော “ ကျွန်တော်အညာသားပါခင်ဗျား” ဆောင်းပါး ရှည်တစ်နေရာတွင် ဤဖြစ်ရပ်ကို ဖော်ပြခဲ့ဖူးပါသည်။ သိမီသူများ ဖြည့်စွက်ဆွေးနွေးအတည်ပြုစေလိုပါသည်။
ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရတိုင်းပြည်အုပ်ချုပ်စဉ်ကာလက ဖြစ်ပါသည်။ တစ်တိုင်း ပြည်လုံး ရောင်စုံသူပုန်များနှင့် တိုင်းရင်းသားခွဲထွက်ရေးသူပုန်များ ထကြွနေချိန်ဖြစ်သဖြင့် အစိုးရ၏ အာဏာစက်နယ်ပယ်ကျဉ်းမြောင်းနေချိန် “ရန်ကုန်အစိုးရ” ဟူ၍ပင် သမုတ်ခံနေရစဉ် ကာလအချိန် ဖြစ်သည်။ အစိုးရအနေဖြင့် တစ်တိုင်းပြည်လုံးရှိ သူပုန်အနေအထားကို စိုးရိမ်နေရချိန်၊ တပ်မတော် တွင်း၌လည်း လက်နက်အင်အားနည်းပါးသဖြင့် ဒုက္ခကြုံလျက်ရှိပါသည်။ ။ ဦးရာရှစ်က အိန္ဒိယ၀န်ကြီးချုပ်နေရူးထံ လျှို့ဝှက်ဆက်သွယ်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးအတွက် တစ်တပ်တစ်အား ကူညီခဲ့ရဖူးပါသည်။ ဘာသာရေးကိုအသုံးချတတ်သော ဦးနုသည် အိနိ္ဒယနိုင်ငံမှ ဗုဒ္ဓစွယ်တော်နှင့်ဗောဓိပင် ပင့်ဆောင်သည်ဟု အကြောင်းပြကာ အိနိ္ဒယမှ သဘောင်္များ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်စေပြီး အတိုက်အခံနိုင်ငံရေးသမားများ၊ သူပုန်များမသိစေဘဲ အိနိ္ဒယမှ တပ်ရင်းသုံးခုစာမျှစစ်လက်နက်များ ပြည်တွင်းအစိုးရထံသို့ လျှို့ဝှက်တင်သွင်းခဲ့ရဖူးပါသည်။ သခင်အောင်ကြီးသည် ဤလျှို့ဝှက်စစ်ဆင်ရေး၏ အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ခဲ့ရပြီး နောက်တစ်ခေတ်တွင် ပြန်လည် ရေးသားဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။

-------------------------------------------------------------------------------------
ဗိုလ်ချုပ်ကိုယ်တိုင် ရွေးချယ်ခဲ့သော အမျိုးသားခေါင်းဆောင်နောက်တစ်ဦးမှာ ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးသွားသော မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်ဖြစ်ပါသည်။

(ဆရာကြီး၏ အတ္ထုပ္ပတိ္တအကျဉ်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
http://www.facebook.com/note.php?note_id=206873919365409
ဆရာကြီးသည် ဗိုလ်ချုပ်တို့ထက် နှစ်နှစ်ဆယ်နီးပါး အသက်ကြီးသည်။ ထို့ကြောင့် မြန်မာ့အရေးလှုပ်ရှားခဲ့ရာတွင်လည်း ဗိုလ်ချုပ်တို့ထက်စောသည်။ အမျိုးသားကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာလည်း မန်္တလေးမြို့တွင်ဖြစ်သဖြင့် ဗိုလ်ချုပ်နှင့် အနီးကပ်လက်တွဲ မလုပ်ကိုင်ခဲ့ရပါ။
ဂျပန်ခေတ် ဂျပန်ကိုတော်လှန်ရန် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး (ဖတပလ)ဖွဲ့စည်းစဉ်က မန္တလေးမြို့တွင် (ရက်စက်ကြမ်းကြုတ်လှသော ဖက်ဆစ်ဂျပန်၏ အန္တရာယ်ကို ကြောက်၍) မည်သူမျှ ဥက္ကဋ္ဌအဖြစ် တာဝန်မယူဝံဖြစ်နေစဉ်တွင် ဆရာကြီးက ရဲရဲဝံ့ဝံ့ခေါင်းခံကာ မန္တလေးခရိုင်ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။ နောင်ဂျပန်ကိုအောင်မြင်စွာ တိုက်ထုတ်နိုင်ပြီးနောက် ဖက်ဆစ် ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး(ဖဆပလ) ပြန်လည်ဖွဲ့စည်းချိန်တွင် အများစုက ဆရာကြီးအား ဥက္ကဋ္ဌအဖြစ် ပြန်လည်အဆိုပြုကြချိန်တွင်မူ ပုဂ်္ဂိုလ်အချို့က မြန်မာမင်းနောက်ဆုံးစံခဲ့ရာမင်းနေပြည်တော် မန္တလေးမြို့မှာ ကပြားသွေးနှောတစ်ဦးက ဥက္ကဋ္ဌဖြစ်ထိုက်ပါ့မလားဟု ကန့်ကွက်ကြရာ ရဟန်းတော်များ ကပင် “တခြားဘယ်သူမှ တာဝန်မယူရဲတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့တာဝန်ခံခဲ့တဲ့ ဒကာကြီး ရာဇတ်ပင် ဥက္ကဋ္ဌဖြစ်ထိုက်ကြောင်း” ပြတ်သားစွာထောက်ခံခြင်းကြောင့် မန္တလေးခရိုင်ဖဆပလဥက္ကဋ္ဌတာဝန်ယူခဲ့သည်။
၁၉၄၇ ခုနှစ် မတ်လတွင်မန္တလေးမြို့မှ ကျော်ကြားထင်ရှားပြီး မျိုးချစ်စိတ်ဓာတ်ရင့်သန်သည့် ကျောင်းထိုင်ဆရာတော်ကြီးများ ဦးဆောင်ကာ လက်မှတ်ရေးထိုးကြပြီး ဖဆပလအစိုးရအဖွဲ့တွင် ဆရာကြီးဦးရာဇတ်အား ၀န်ကြီးတစ်နေရာခန့်အပ်ပေးရန် ဗိုလ်ချုပ်အောင်ဆန်းထံသို့ တောင်းဆိုခဲ့ရာ ယင်းစာကို လက်ခံရရှိပြီးသည့်နေ့ နံနက်(၁၁)နာရီတွင် ကျင်းပသည့် ဖဆပလ အစည်းအဝေးမှာပင် ဆရာကြီးအား ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
ဖဆပလ၀န်ကြီးအဖြစ် ဗိုလ်ချုပ်တို့နှင့်အတူ အနီးကပ်လက်တွဲလုပ်ဆောင်စဉ်အတွင်း ဗိုလ်ချုပ်သည် ဆရာကြီး၏ ခံယူချက်သဘောထား၊ မျိုးချစ်စိတ်နှင့် စွမ်းရည်တို့ကို လက်တွေ့ပိုမိုသိမြင်လာခဲ့ရာ မကြာမီပင် “အမျိုးသားစီမံကိန်း ” ၀န်ကြီးအဖြစ်ပါ ပူးတွဲခန့်ထား ယုံကြည်စွာတာဝန်ပေးခဲ့ပါသည်။
“အမျိုးသားစီမံကိန်းဆိုတာ အင်မတန်ကျယ်ဝန်းတယ်။ အရေးလည်းကြီးတယ်။ တိုင်းပြည်တစ်ခုလုံးရဲ့ တိုးတက်ရေးကို ရှေးရှုပြီး ကြီးပွားရေး၊ စီမံရေး၊ လူမှုရေး အကုန်လုံး ခြုံပြီး အုတ်မြစ်ချတဲ့ ဌာနကြီးတစ်ခု ဖြစ်တယ်။ ဒီဌာနမှ ကိုင်ရတာ ဆရာကြီးအဖို့ တာဝန်လည်းကြီး အပင်ပန်းလည်းအခံရဆုံးပဲ။ သူမပြောနဲ့ဗျာ ဒီဌာနကြောင့် ကျွန်တော်တောင် ထမင်းလွတ်၊ ဟင်းလွတ် ရုံးတက်ရတဲ့အခါလည်းရှိ၊ ည(၉)နာရီ (၁၀)နာရီမှ ရုံးဆင်းရတဲ့ အခါတွေလည်းရှိပုံတွေ စာရေးရင် မျက်လုံးထဲပေါ်နေတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဟာ ဆရာကြီးအပေါ် ဘယ်လောက်အထင်ကြီးခဲ့တယ်၊ ဘယ်လောက်ယုံကြည်ကိုးစားခဲ့တယ်ဆိုတာ ဒီအမျိုးသားစီမံကိန်းဌာနကို လွှဲအပ် အကိုင်ခိုင်းတာသာ ကြည့်ပေတော့။ ဒါကြောင့် ဆရာကြီး ဦးရာဇတ် သည် ပညာရေးဝန်ကြီးဖြစ်တဲ့အပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ၀န်ကြီးဖြစ်ကြောင်းကို ကြေညာမောင်းခတ်ပေးပါဗျာ ”
(ဆရာကြီး ဦးရာဇတ် ၏ အတွင်းရေးအတွင်းဝန် အမျိုးသားကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးချစ်ဆွေ ၏ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် ဆောင်းပါး၊ ဗဟိုစည်သတင်းစာ ၊ ၁၉ ဇူလိုင်၊ ၁၉၆၄ မှ)
-------------------------------------------------------------------------------------
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တိုင်းပြည်အရေးအတွက် ယုံကြည်စွာ ရွေးချယ်ခဲ့သော အထက်ပါ လူထုခေါင်းဆောင်များသည် အစ္စလာမ်ဘာသာဝင်များဖြစ်ကြပါသည်။ ဗိုလ်ချုပ်အနေနှင့် ထိုခေါင်းဆောင်ကြီးများနှင့် အတူတကွလက်တွဲကာ တိုင်းပြည်ထူထောင်ရေး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေစဉ်ကာလတစ်လျှောက် သူတို့၏ တိုင်းပြည်အပေါ်ထားသည့် မျိုးချစ်စိတ်ကို ပိုမိုနားလည်လာမိသည်။ ရံဖန်ရံခါ ဘာသာရေးနှင့်ပတ်သက်၍ပင် မိမိသိလိုသည်ကို မေးမြန်းဆွေးနွေးလေ့ရှိခဲ့သည်။
ထို့ကြောင့် ရွေးချယ်ပိုင်ခွင့်မရှိသော မွေးရာပါအနေအထားအရ “သွေးနှော” ဖြစ်ကောင်းဖြစ်နေကြသော်လည်း မိမိတို့ရွေးချယ်ပိုင်ခွင့်ရှိသော ကိုယ်ကျိုးစီးပွားနှင့် အများအကျိုးတိုင်းပြည်အကျိုးတွင်မူ အများအကျိုးကိုရွေးချယ်ကြသည့် မြန်မာမွတ်စလင်မ်များ၏ အခန်းကဏ္ဍကို သတိပြုမိလာသည်။ မြန်မာမွတ်စလင်မ်တို့ကလည်း မိမိတို့သာသနာ၏ အဆုံးအမဖြစ်သော ““ဇာတိ မြေကို ချစ်မြတ်နိုးခြင်းသည် သာသနာ့ယုံကြည်မှု၏ အစိတ်အပိုင်းဖြစ်သည် ” “ သင်တို့ထဲမှ အကောင်းဆုံးသူသည် ဝေနေယျတို့အကျိုး သယ်ပိုးသူများဖြစ်သည် ” အစရှိသည့် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)၏ ဆုံးမသြ၀ါဒများကို ဖ၀ါးခြေထပ်လိုက်နာလျက် တိုင်းပြည်ရေးအတွက် ကဏ္ဍအသီးသီးမှ တက်ကြွစွာ တစ်တပ်တစ်အားပါဝင်ခဲ့ကြသည်။ ယင်းအချက်ကို ကောင်းစွာ သိနားလည်ခဲ့သော ဗိုလ်ချုပ်၏ လူမျိုးရေးရာသဘောထားအမြင်ကို ရွှေတိဂုံစေတီ အလယ်ပစ္စယံ ဖစပလ ညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သော အောက်ပါ မိန်.ခွန်းက ထင်ဟပ်ပေါ်လွင်နေပါလိမ့်မည်။
“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာတရား ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက် နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနု ရက္ခိတ တရားသည် တည်နေပေသည်။”
ဒီးဒုတ်သတင်းစာ ဧက ဒသမတွဲ နံပါတ် ၄၁ ဇူလိုင်လ ၂၇ ရက်၊ ၁၉၃၅၊ စာမျက်နှာ ၅၊ ၆ တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားစိတ်ဓာတ်နှင့် ပတ်သက်၍ “သွေးတူခြင်းထက် စိတ်ကူးတူခြင်း ရှေးဟောင်းနှောင်းခေတ်တွင် ဒိုးတူဘောင်ဘက် ပြုဖူးသည်များကို မှတ်မိခြင်းတို့က အမျိုးသားစိတ်ကို ပိုမိုဖန်တီးလေသည်။” ဟု ရေးသားခဲ့ပါသည်။

ထို့အတွက်ကြောင့်ပင်လျှင် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်းအဝေးပွဲကြီး၌ဖဆပလအဖွဲ့မှ ဆရာကြီး ဒီးဒုတ် ဦးဘချိုမှ အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆိုတင်သွင်းရာတွင်
“ ဗမာမွတ်စလင်မ်များသည် မိမိတို့သည် ဗမာလူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့်အတိုင်း ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေးမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားသွားခဲ့ပါသည်။
(အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
http://www.facebook.com/note.php?note_id=225990574120410
အိနိ္ဒယနိုင်ငံသို့ ဆရာကြီးဦးရာဇတ် မြန်မာ့ကိုယ်စားလှယ်ပညာရေး ၀န်ကြီးအဖြစ် သွားရောက်စဉ် အိနိ္ဒယနိုင်ငံမှ “မြန်မာနိုင်ငံတွင် အစ်္စလာမ်ဘာသာဝင်လူနည်းစု အခန်း ကဏ္ဍဘယ်လိုရှိပါသလဲ ” ဟု မေးမြန်းသည်ကို ဆရာကြီးက “We don’t regard ourselves as minority; we merge with the majority… ကျွန်တော်တို့ကိုယ့်ကိုယ်ကို လူနည်းစုလို့ သဘောမထား လူများစုနဲ့ ပေါင်းလိုက်တယ် ...” ဟု ပြန်ဖြေခဲ့ခြင်းသည် ဗမာမွတ်စလင်မ်တို့၏ ရပ်တည်မှုပင်ဖြစ်ပါသည်။
တိုင်းပြည်အပေါ် သစ္စာစောင့်သိသောအခြားဘာသာဝင် လူနည်းစုများအပေါ်တွင် ထားရှိသည့် ဗိုလ်ချုပ်၏ သာတူညီမျှ အခွင့်အရေးပေးလိုမှုကို ဖော်ညွှန်းသည့် အခြားမိန့်ခွန်းတစ်ခု ကိုလည်း ဖော်ပြလိုပါသည်။ ၁၉၄၇ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ဖဆပလပဏာမပြင်ဆင်မှုညီလာခံကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ဘာသာရေးကိုင်းရှိုင်းသည့် ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန်သင့်ကြောင်း အဆိုတင်သွင်းသည်။ ဤအဆိုနှင့်ပတ်သက်၍ ဆွေးနွေးကြသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းက ဦးဘချိုကို အောက်ပါအတိုင်း ချေပပြောဆိုခဲ့ပါသည်။
“… သည်မှာ ဆရာ ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေတာမဟုတ်ဘူး။ သည်လို မဟုတ်မဟတ်ကိုယ်ထင်ရာတွေ လျှောက်လုပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သားပေါက်ဖြစ်သွားမှာဘဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက မူဆလင်တွေရှိတယ်။ ဘရင်ဂျီတွေရှိတယ်။ အစတုန်းက ရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်းတန်းသားတွေရှိတယ်။ အဲသည်တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက တချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာရှိတယ်။ သူတို့တစ်တွေဟာအားလုံးနိုင်ငံသားတွေပဲ၊ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်းမဟုတ်ဘူး။ သူတို့တတွေ ပါကြတယ်။ ယခု ကျွန်တွင်းကလွတ်မည်မကြံသေးဘူး သူတို့တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမည်လို့လုပ်လိုက်လျှင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့အကောင်တွေ ဖြစ်သွားကြမှာပေါ့ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ ဘာတွေညာတွေ လုပ်မနေစမ်းပါနှင့်။ ကျွန်တော်တို့ဟာ တိုင်းပြည်တစ်ခုလုံး စည်းလုံးကြဖို့လိုတယ်၊ ... ယခုအချိန်မှာလိုချင်တာက ပြည်ထောင်စုထဲမှာရှိနေကြတဲ့ လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမည့်လူတွေ ပေါ်မလာစေဘဲ နိုင်ငံရေးစိတ်ဓာတ် တစ်ခုတည်းရှိအောင်သွင်းပြီး စည်းလုံးဖို့လိုတယ်။ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလုပ်ချင်ရင် ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာဘာသာ ဆရာကြေညာ၊ ကျွန်တော် မပါဘူး။”
( ပြည်ထောင်စုမြန်မာနိုင်ငံတော် (ပါလီမန်)တတိယပြည်သူလွှတ်တော်ညီလာခံမှတ်တမ်း၊ စာတွဲ ၅၊ အစည်းအဝေးအမှတ်-၃၊ ရန်ကုန်၊ အစိုးရပုံနှိပ်တိုက်၊၁၉၆၂၊ စာ ၃၇၀- ၃၇၁ ။)
(မှတ်ချက်။ ။ ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်၏ သာတူညီမျှစိတ်ဓာတ်ကို ဖော်ညွှန်းလို ခြင်းသာဖြစ်ပြီး နိုင်ငံတော်ဘာသာပြဋ္ဌာန်းခြင်း ကောင်း၏ဆိုး၏သုံးသပ်ချက် မဟုတ်သည့်အတွက် ထိုအကြောင်းအရာကို မဆွေးနွေးလိုပါ။ )
ကြာခဲ့ပါပြီ ...ဗုဒ္ဓဘာသာဝင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချိုတို့၏သွေးများ၊ အစ္စလာမ်ဘာသာဝင်ဆရာကြီး ဦးရာဇတ်၊ ခရစ်ယာန်ဘာသာဝင် မန်းဘခိုင်တို့၏ သွေးများ စုစည်း၍ သွေးချောင်းစီးခဲ့ရသည်ပင်လျှင် နှစ်ပေါင်း (၆၀)ကျော်ခဲ့ပါပြီ။ ခေတ်စနစ်အလီလီလည်း ပြောင်းခဲ့ရပြီးပါပြီ ...။
ထင်သာမြင်သာရှိလှသော နိုင်ငံရေးအပြောင်းအလဲများစွာဖြင့် အမျိုးသားရင်ကြားစေ့ရေး သာတူညီမျှလူ့အခွင့်အရေးအများအတွက် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသည့် မြန်မာ့ဒီမိုကရေစီခေတ်သစ်ကာလတွင် ...
ဗိုလ်ချုပ်တို့ ပေးချင်ခဲ့သည့် သာတူညီမျှအခွင့်အရေး၏ အငွေ့အသက်မျှဖြစ်ဖြစ်တော့ ခံစားလိုပါသည်။ အနည်းဆုံးအဆင့် ဒီမြေမှာမွေး၊ ဒီမြေမှာပင်ကြီးကာ ဒီမြေတွင်ပင်သေကြရမည့် ကျွန်တော်တို့အတွက် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေ၇န်အထူးလိုအပ်ချက်တစ်ခုဖြစ်သည့် နိုင်ငံသား စိစစ်ရေးကတ်များ ယခုထက်လွယ်ကူစွာ ချပေးခံကြရလိုပါသည်။ နိုင်ငံသားမဖြစ်ထိုက်သူများ နိုင်ငံသားကတ်ထုတ်မပေးမိစေရန် စစ်ဆေးရမည်မှာ အမှန်ပါ။ သို့သော် ဘိုးဘေးဘီဘင် ဒီမြေမှာ နေလာကြသူတို့အဖို့မူ “ယခင်က ရှိခဲ့သော၊ ယခုရှိမရှိ မသေချာလှသေးသော” မလိုအပ်သည့် ကြန့်ကြာမှု၊အခက်အခဲများ၊ လျော့နည်းသွားစေလိုလှပါသည်။ ဘိုးဘေးအဆက်ဆက် နှစ်ပေါင်းရာကျော်အတွင်း နိုင်ငံခြားသွေးနှောမှု တိုက်ရိုက်မည်သို့မျှ ရှာမတွေ့နိုင်သည့် သူများအားလည်း မိဘဘိုးဘွားအားလုံး၏ မှတ်ပုံတင်တွင် လူမျိုးဗမာ ကိုးကွယ်ရာဘာသာအစ္စလာမ်အဖြစ် ဖော်ပြခံခဲ့ကြရာမှ မိမိတို့လက်ထက်ရောက်ကာမှ အစ္စလာမ်ဘာသာသက်ဝင်ယုံကြည်မိသည့်အတွက် နိုင်ငံသား စိစစ်ရေးကတ်တွင် အိနိ္ဒယ သို့မဟုတ် ပါကစ္စတန်လူမျိုး၊ သွေးနှောအဖြစ် ဇွတ်အဓမ္မအထည့်ခံရသည့်ဝဋ်ဒုက္ခမှလည်း ကင်းဝေးလိုပါသည်။ (ဤအကြောင်းကိုယ်တွေ့ကြုံခဲ့ရသည်ကိုလည်း သီးခြားထပ်မံ၍ မျှဝေပါဦးမည်။)
ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသား၊ မြန်မာမွတ်စလင်များအနေနှင့် လည်း ရှေးအထက်ထက်က မိမိတို့ဘိုးဘေးများ တိုင်းပြည်အပေါ် တာဝန်ကျေခဲ့သည့်နည်းတူ တာဝန်ကျေရန် ကြိုးပမ်းကြရပါဦးမည်။ သူတို့ကိုပေးခဲ့သော အခွင့်အရေးမျိုး ကျွန်တော်တို့ လက်ထက်တွင် ခံစားလိုပါက သူတို့ကဲ့သို့ စိတ်မျိုးထားကာ ကိုယ်ကျရာကဏ္ဍမှာ အကောင်းဆုံး တာဝန်ကျေပွန်ကြရပါမည်။ ကျွန်တော်တို့အမြဲနှလုံးသွင်း၊ ဆင်ခြင်အပ်သည့် တမန်တော်မြတ်၏ သြ၀ါဒတစ်ခုဖြစ်သည့် “အထက်လက်သည် အောက်လက်ထက်မြတ်သည် ” ဆိုသည့် သြ၀ါဒကို မျှဝေလိုပါသည်။ စာလုံးနည်းနည်းနှင့် အဓိပ္ပါယ်အလွန်လေးနက်လှသည့် သွန်သင်ချက်ဖြစ်ပါသည်။ ကိုယ့်ဘက်က ရယူသူသက်သက်မဟုတ်ဘဲ၊ ပေးဆပ်သူ၊ မွတ်စလင်မ်ဟူသော ဂုဏ်ပုဒ်နှင့်အညီ ငြိမ်းချမ်းရေးကို လက်တွေ့ဖော်ကြူးသူ၊ မုဟ်စင်န် ခေါ် လောကကို အလှဆင်သူများ အမှန်တကယ် ဖြစ်လာစေရန် ကျွန်တော်တို့၏ တာဝန်ဖြစ်ပါသည်။
ပတ်ဝန်းကျင်တွင်လူပိုများမဖြစ်စေရန် ကြိုးစားကြရပါမည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးအတွက် အများနှင့်သဟဇာတဖြစ်ကာ စံပြလက်တွဲ၍ ဦးဆောင်ကြရပါမည်။ အစ္စလာမ့်အဆုံးအမနှင့် လားလားမျှ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော တိုင်းတပါး အိမ်နီးချင်းနိုင်ငံမှ လူမျိုးရေး ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများအား ပုံတူကူးချ ကျင့်သုံးခြင်းသည်လည်း မိမိတို့ကို နားလည်မှု ပိုမိုလွဲမှားစေရာဘက်သို့ ဦးတည်နိုင်ကြောင်းကိုလည်း သတိပြုသင့်ပါသည်။ အစ္စလာမ့်အဆုံးအမအရ မိမိကြမ္မာကို မိမိသာလျှင် ဖန်တီးရမည်ဖြစ်ကြောင်းကိုလည်း သတိပြုစေလိုပါသည်။
“မုချဧကန် လူ့အစုအဝေးတစ်ရပ်သည် မိမိကိုယ်မိမိ မပြုပြင် မပြောင်းလဲသမျှ ကာလပတ်လုံး အလ္လာအရှင်မြတ်ကလည်း ပြုပြင်ပြောင်းလဲပေးမည်မဟုတ်” (ကျမ်းမြတ်ကုရ်အာန်၊ ၁၃း၁၁)
အချို့ကလည်း ဆိုကြပါသည်။ တို့ဘိုးဘေးများလက်ထက်ကလည်း ဤအရေးအတွက် ကြိုးပမ်းခဲ့ကြပြီး ကြိုးပမ်းခဲ့သမျှလည်း သဲထဲရေသွန်ဖြစ်ခဲ့ရပြီး ဒုံရင်းဒုံရင်းပင်ဖြစ်သည့်အတွက် ကြိုးပမ်းလိုစိတ်မရှိတော့ပါ။ ရှိသလိုပင် လက်ခံလိုက်ကာ ခပ်ဝေးဝေးနေကြရုံပေါ့ဟု ပြောကြပါသည်။ ဖတ်မှတ်ခဲ့ဖူးသော အသုံးအနှုန်းလေးကိုပင် ပြန်လည်ဝေမျှလိုပါသည်။ ကျွန်တော်တို့သည်လည်း “ချောတိုင်တက်” နေကြခြင်းပင်ဖြစ်ပါသည်။ ပန်းတိုင်ရောက်လုနီးပါးဖြစ်ပြီးမှ ပြုတ်ကျခဲ့ရဖူးသော်လည်း အကြိမ်ကြိမ် မဆုတ်မနစ်ကြိုးပမ်းက တစ်ချိန်ချိန်တွင်တော့ အရောက်လှမ်းနိုင်ပါလိမ့်မည်။ သေချာသည်ကတော့ ကျွန်တော်တို့အားလုံးယခုထက်ပိုကြိုးစားကြရပါဦးမည်။
(ကို Kyawmoe Aung ဆီကနေကူးယူဖေါ်ပြပါတယ်
facebook မှ ကူးယူဖေါ်ပြသည်။


ဆက်လက်ဖတ်ရှုတော်မူကြပါရန်>>>

Read More...

ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးခရီးစဉ် ဓာတ်ပုံများ.












ဆက်လက်ဖတ်ရှုတော်မူကြပါရန်>>>

Read More...

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁)

ဆောင်းပါးရှင်- ရွှေဓူဝံ

မြန်မာ့လူမှု ဆက်ဆံရေးနယ်ပယ်တွင် “သာကူး” ဆိုသည့် စကားလုံးကို လူတိုင်းနားလည်ကြပါသည်။ သာကူးဆိုသည့်လူများသည် အများအားဖြင့် လူလည်ကျသောသူ၊ ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်တဲ့သူ၊ သူ့ရဲ့အခွင့်အရေး သူ့ရဲ့အကျိုးစီးပွားအတွက် မျက်နှာပြောင်တိုက်ပြီး ကျေးဇူးရှင်ကို ကျေးစွပ်ရန် ၀န်မလေး တတ်သူများ ဖြစ်ကြပါသည်- တစ်နည်းအားဖြင့် သာကူး လုပ်တတ်သူများသည် အခြေအနေ၊ အချိန်အခါကို ကြည့်၍ အရောင်ပြောင်းသွားသော လူလယ်ကြီးများ၊ ကျေးဇူးကန်းတတ်သူများ ဖြစ်လေ့ရှိပါသည်။ မည်သို့ပင် ဆိုစေကာမူ အနှီသာကူး လုပ်တတ်သူ လူလည်ကြီးများသည် ခေတ်အဆက်ဆက်တွင် အခွင့်ထူးခံ လူတန်းစား များဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် အများအပြားရှိနေပါသည်။

ယနေ့နိုင်ငံတော်သည် ထင်သာမြင်သာရှိသော နိုင်ငံရေးစံနစ် အပြောင်းအလဲနှင့်အတူ စီးပွားရေးအခွင့် အလှမ်းနှင့် လုပ်ပိုင်ခွင့်အာဏာများသည် ယခင်စစ်အစိုးရ လက်ထက်နှင့် မတူသော ပတ်ဝန်းကျင်တစ်ခုသို့ ကူးပြောင်းနေပြီဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီခေါင်းဆောင်ကြီးနှင့် ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်း ပြုပြင် ပြောင်းလဲရေး လိုလားသူဟု ဆိုသော သမ္မတကြီး ဦးသိန်းစိန်တို့၏ နိုင်ငံရေးကစားကွက်အောက်တွင် အခွင့် အရေးသမား လူလည် စီင်္းပွားရေးသမားကြီးများ၏ သာတဲ့ဘက်ကို ကူးပြောင်းမည့် ခြေလှမ်းကြီးများကို သိသာ ထင်ရှား မြင်တွေ့ နေရပါသည်။ ထိုလူလည် စီးပွားရေးသမားများသည် “သာကူး”များသာဖြစ်ပြီး လက်ရှိကြံ့ဖွတ် အစိုးရကို ညာဘက်အိပ်ကပ်ထဲ ထည့်ပြီး၊ NLD ၏ နိုင်ငံရေးလှုပ်ရှားမှု ရေချိန် မြင့်တက်လာမှုကို အဓိက ထောက်ပံ့မှုပေးပြီး ဘယ်ဘက်အိတ်ကပ်သို့ ပြောင်းနေကြပြီ ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နေသူ လူလည်ကြီး များ၏ လောဘမသတ် နိုင်သည့် လုပ်ရပ်များကို အပိုင်းလိုက် တင်ပြသွားပါမည်။
နိုင်ငံရေးမှ စီးပွားရေး၊ စီးပွားရေးမှ နိုင်ငံရေးသို့ ပြောင်းလဲမည့်သူ (သို့မဟုတ်)
စစ်တပ်ကို အသုံးချသော
နိုင်ငံရေးသမား ဦးချစ်ခိုင်(NLD-GE)

ဧဒင်ဥက္ကဌကြီး ဦးချစ်ခိုင်ဆိုတာနဲ့ စစ်တပ်ပိုင် အဆောက်အဦးတွေကို လက်ဝါးကြီးအုပ် ဆောက်လုပ်ခွင့် ရရှိပြီး ထိပ်ထိပ်ကြဲ သူဌေးကြီးဖြစ်လာတယ်ဆိုတာ လူတိုင်းသိကြပါသည်။ ၁၉၉၀ ပြည့်လွန်နှစ်များက နပခ၊ ရပခ စစ်နယ်မြေများအတွင်း စစ်တပ်ဆောက်လုပ်ရေးတွေကို ကန်ထရိုက်တာအဖြစ် ကော်မရှင်စား လုပ်ကိုင်ခဲ့တဲ့ ဦးချစ်ခိုင်ဟာ စစ်တပ်နဲ့ပေါင်းစားပြီး ၂၀၀၀ ပြည့်လွန်နှစ်များကစပြီး မက်ခရိုစီးပွားရေးလုပ်ငန်း ရှင်ကြီး ဖြစ်လာခဲ့ပါသည်။

ဒီလိုမျိုး စစ်တပ်နဲ့လုပ်ကိုင်စားသောက်နိုင်တာ ဘ၀အကျိုးပေးကောင်းတယ်လို့ ဆိုရပေမည်။ ဦးချစ်ခိုင်ဟာ ယခင် မဆလလက်ထက်က ဗိုလ်ချုပ်လှဦးရဲ့တူမနဲ့ယူပြီး၊ ဗိုလ်ချုပ်လှဦးရဲ့ အရှိန်အ၀ါနဲ့ စစ်တပ် ကိုသုံးဖို့ အခွင့်အရေး ရခဲ့ရသည်။

ဗိုလ်ချုပ်လှဦးဟာ လူတော်တစ်ဦးဖြစ်ပြီး ဦးခင်ညွှန့်(ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးအောင်တောင်း (စက်မှု(၁) ၀န်ကြီးဟောင်း)တို့ရဲ့ ဆရာဖြစ်ခဲ့ဖူးသည်။ ဒါ့ကြောင့် ဦးခင်ညွှန့်နှင့် ဦးအောင်တောင်းတို့ အာဏာစက် ပြင်းထန်နေချိန်မှာ ဦးလှဦးရဲ့ အထောက်အပံ့နဲ့ ဦးချစ်ခိုင်ကို မဟာအခွင့်အရေးများ ပေးခဲ့ပါသည်။ အထူးသဖြင့် ရှမ်းပြည်ဧရိယာ အတွင်းက စီးပွားရေး အခွင့်အလမ်းတွေကို ရရှိခဲ့ပြီး အေးသာယာ ဂေါက်ကွင်းနားကမြေကို အလကားနီးပါး ရရှိခဲ့လို့ ဂေါက်ကွင်းနဲ့ ဟိုတယ်လုပ်ကိုင်ခွင့်ကို နှစ်ရှည်လများ အခမဲ့ လုပ်ခွင့်ရခဲ့တယ်လို့ ဆိုရပေမည်။

အထူးသဖြင့် စစ်တပ် ဆောက်လုပ်ရေးလို့ခေါ်တဲ့ GE တပ်များက အဆောက်အဦး အကြီးအမား ဆောက်လုပ်ရေး အားလုံးကို ဦးချစ်ခိုင်ရဲ့ ဧဒင်ဆောက်လုပ်ရေးက ရရှိခဲ့ပြီး တည်ဆောက်ရေး ကုန်ကျငွေတွေကို သူတင်ပြသလောက် ခွင့်ပြု ချက်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ခဲ့ပါသည်။ ဒါ့ကြောင့် ဦးချစ်ခိုင်ရဲ့ ချမ်းသာပိုင်ဆိုင်မှု အားလုံးနီးပါးဟာ စစ်တပ်ကိုမှီခိုပြီး ရလာခြင်းဖြစ်ကြောင်း စီးပွားရေးသမားများက သတ်မှတ်ခဲ့ကြသည်။ စစ်တပ်ကြောင့် ချမ်းသာလာတဲ့ ဦးချစ်ခိုင်ဟာ ကျေးဇူးဆပ်တဲ့အနေနဲ့ စစ်တပ်ကလူကြီးများရဲ့ ကိုယ်ပိုင်အိမ်တွေကို တာဝန်ယူ ဆောက်လုပ် ပေးခဲ့ရပါသည်။

စစ်တပ်ကြောင့် သူဌေးကြီးဖြစ်လာတဲ့ ဦးချစ်ခိုင်ဟာ ၂၀၁၂ ခုနှစ်အထိ နေပြည်တော်က စစ်တပ်တည် ဆောက်ရေး လုပ်ငန်းကြီးများကိုလည်း GEတပ်နဲ့ ပူးပေါင်းပြီး ယခုတိုင်ရရှိဆဲပါ။ ၂၀၁၂ ခုနှစ်အလွန် ကြံ့ဖွံ့အစိုးရရဲ့ ဘက်ဂျက်ခွဲတမ်းရ စစ်တပ်လုပ်ငန်းကြီးများ လျော့ကျလာချိန်မှာတော့ လူလည်ကြီး ဦးချစ်ခိုင်ဟာ စစ်တပ်နဲ့လမ်းခွဲဖို့ ခြေလှမ်းသစ်ကို စနေပြီလို့ ဆိုရပေတော့မည်။ သူရဲ့ခြေလှမ်းကတော့ နိုင်ငံရေးနယ်ပယ်ထဲက သူရဲ့မူလယုံကြည် ကိုးကွယ်ရာ တကယ့်မိခင် NLD ပါတီကြီးနဲ့ ပြန်လည်ပူးပေါင်းပြီး NLD အမတ်ဖြစ်ရေး လမ်းကြောင်းဖြစ်ပါသည်။

၁၉၈၈ အရေးအခင်းမှာ တကယ့် နိုင်ငံရေးသမားစစ်စစ် NLD ဦးချစ်ခိုင်ဟာ ၁၉၉၀ ပြည့်လွန်နှစ်များမှာ NLD ကိုလမ်းခွဲခဲ့ပြီး အဲဒီအချိန်တုန်းက အာဏာသုံးရပ်ကိုချုပ်ကိုင်ထားတဲ့ စစ်တပ်စီးပွားရေးကို ကူးပြောင်း ခဲ့သူဖြစ်ခဲ့ပါသည်။ ထိုစဉ်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ထောက်လှမ်းရေးရဲ့ စောင့်ကြည့်ခံရသူဖြစ်လို့ NLDနဲ့ ကင်းကင်းနေခဲ့ရသူလို့ ဆိုရပေမည်။ ဗိုလ်ချုပ်လှဦး မျက်နှာကြောင့် လုပ်ပိုင်ခွင့်ပေးရာမှ စစ်တပ်ရဲ့တည်ဆောက်ရေး လုပ်ငန်းကြီးများရဲ့ ၃ ပုံ ၂ ပုံကိုရရှိခဲ့ပြီး ကြီးပွားချမ်းသာလာခဲ့ခြင်းကို စီးပွားရေးနယ်ပယ်၊ စစ်တပ်နယ်ပယ် မှာ လူတိုင်းသိရှိကြပါသည်။

စစ်တပ်အတွင်းမှာ ဒုတပ်ချုပ် အရှိန်အ၀ါကိုသုံးခဲ့လို့ ရပခတိုင်းမှုး အဆက်ဆက်က ဦးချစ်ခိုင်ကို ရွံကြောက်ဖြစ်ခဲ့ရပြီး အခုချိန်မှာတော့ စစ်တပ်စီးပွားရေး နယ်ပယ်ကနေ ဆုတ်ခွာပြီး သူရဲ့မိခင်ရင်း NLD ရဲ့လှုပ်ရှားမှုများမှာ နောက်ကွယ်ကတက်ကြွစွာ ပံ့ပိုးလုပ်ကိုင်ပေးနေပါပြီ။ စစ်တပ်ရဲ့အရိပ်ရှိနေလို့ NLD ပါတီကို ရဲရဲဝံ့ဝံ့ မပူးပေါင်းသေးပေးမဲ့ သူယုံကြည်ခဲ့တဲ့နိုင်ငံရေးပါတီကြီးအတွက် အင်အားပြန်လည် တောင့်တင်းအောင် စစ်တပ်ကြောင့်ရရှိလာတဲ့ ငွေကြေးတွေကို အသုံးချတော့မည် ဖြစ်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းစည်းရုံးရေး ခရီးစဉ်ကုန်ကျစရိတ် အားလုံးကို ဧရာဝတီတိုင်း ဆန်စပါး ထုတ်လုပ်ကြီးကြပ်ရေး ဥက္ကဌ ဦးချစ်ခိုင်က ထောက်ပံ့ပေးခဲ့မှု အပေါ် NLD CEC များက သတိထား ကြိုဆိုခဲ့ပါသည်။

ဒါ့ကြောင့် ဧဒင်ဥက္ကဌကြီးဟာ NLD နိုင်ငံရေးသမားအဖြစ် ၁၉၈၈ မှ ၁၉၉၀ ပြည့်နှစ်အထိ ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်တန်ခိုးအာဏာ ကြီးထွားချိန်မှာ (၁၉၉၀ မှ ၂၀၁၁) NLD အနီရောင်မှ GE အစိမ်းရောင် ပြောင်းလဲခဲ့သူဖြစ်ကြောင်း Wikileaks မှတ်တမ်းများအရ သိရပါသည်။ ယခုအခါမှာတော့ အစိမ်းရောင် GE ကိုယ်စားလှယ်အဖြစ်မှ NLD အနီရောင်ကို ပြန်ပြောင်းတော့မဲ့ စီးပွားရေးအောင်မြင်သော နိုင်ငံရေးသမား စစ်စစ်ကြီးက NLD ပါတီဝင်များကို ဘယ်လို အသုံးချအုံးမလဲဆိုတာ စောင့်ကြည့်လျက် ရှိပါသည်။

ရွှေဓူဝံ
source.http://www.demowaiyan.co.cc/2012/02/blog-post_15.html


ဆက်လက်ဖတ်ရှုတော်မူကြပါရန်>>>

Read More...

ပြည်ထောင်စုနေ့ အခမ်းအနား





မလေးရှားရောက် မြန်မာတို့အတွက် ဂုဏ်ယူစရာ အခမ်းအနားလေးတစ်ခုပါ။

ယနေ့ ကျရောက်သော (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ၁၃.၀၂.၂၀၁၂ နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနာကို မလေးရှာနိုင်ငံ ဘလက်ကောင်းရှိ N L A B R Community Learning Center တွင် ကျင်းပခဲ့ကြရာ ...

MSMA ကျောင်းသား ရဟန်းတော်များရဲ့ ကိုယ်စား တက်ရောက်ခွင့်ရခဲ့သည့်အတွက် ဝမ်းမြောက်မိပါသည်။ အမိနိုင်ငံတော်နှင့် ဝေးကွာနေခဲ့သော်လည်း အမိနိုင်ငံတော်ကို ချစ်သော မြန်မာများ၏၊ မြန်မာပီပီ မြန်မာ့နိုင်ငံတော်ကြီး၏ ပြည်ထောင်စုနေ့ကို အမှတ်တရ ကျင်းပခဲ့ကြသည်မှာ ဂုဏ်ယူစရာပင် ဖြစ်သည်။

တွေ့ကြုံခဲ့ရသော အခမ်းအနား၌ ဦးစွာ နိုင်ငံတော်အလံအား အလေးပြုခြင်းအပြင်၊ ဝါရင့်နိုင်ငံရေးသမား၏ ပြည်ထောင်စုနေ့အကြောင်း ဟောပြောမှုများ၊ နိုင်ငံရေး အတွေ့အကြုံများ၊ ရှေ့ဆက်ရမည့် နိုင်ငံတော်ကြီး၏ အခြေအနေ သုံးသပ်မှုများ အပြင် မြန်မာ့ကလေးငယ်များ၏ ပြည်ထောင်စုနေ့ ကဗျာရွတ်သံများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ အခါအခွင့် ကြုံ၍ တက်ရောက်ခဲ့ရသော အဝေးရောက် မြန်မာများ၏ ပြည့်ထောင်စုနေ့ အခမ်းအနားလေး တစ်ခုအား အမှတ်ရစွာဖြင့် မှတ်တမ်းတင်လိုက်ရပါသည်။


ဆက်လက်ဖတ်ရှုတော်မူကြပါရန်>>>

Read More...

ဗိုလ်ချုပ်မွေးနေ့ တို့မမေ့

မနက်ဖြန် ဖေဖော်ဝါရီ (၁၃) တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (MSMA)မှ လေးလေးနက်နက် တမ်းတမ်းတတ အမှတ်ရ ဂုဏ်ပြုအပ်ပါသည်။









ဗိုလ်ချုပ်မွေးနေ့ တို့မမေ့
နှစ်ပေါင်းများစွာ ၊ တို့မြန်မာသည်
လွပ်လပ် ကင်းပ ၊ ကျွန်ဘ၀ဖြင့်
မုချဆင်းရဲ ၊ အနေမွဲလျက်
အံခဲမနိုင် ၊ ချုန်းချမှိုင်ကာ
ငေးငိုင် ကြံဆ ၊ အဖြေရဘို့
ဘ၀သမိုင်း ၊ ဂုဏ်တံတိုင်းကို
စိတ်တိုင်းကျစေ ၊ ဖန်ဆင်းစေဘို့
လူပြေလောက ၊ သူလှမ်းကြွသည်
အလှလမ်းထွင် တို့ဖခင်…
လွတ်လပ်ရေး သခင် တို့ဖခင် ..
ဗိုလ်ချုပ် ဖခင် တို့အရှင်။
လူစွမ်းလူစ ၊ ဂုဏ်ထွန်းပလျက်
ဘ၀နစ်စေ ၊ ငါသာသေမည်
ငါ့မြေ ငါ့နန်း ၊ ငါ့စခန်းသည်
လွတ်လမ်းကိုသွား ၊ငါကြိုးစားမည်
ကြုံးဝါးသည့်သံ ၊ မိုးသို့ပျံသည်
အမှန်လွတ်လမ်း အစတည်း…။
အမှန်လိုလား ၊ တို့မျိုးသားတို့
သွေးသားရဲနီ ၊ ရှေးသို့ချီမည်
မထီစတမ်း ၊ ဘယ်သို့ကြမ်းလဲ
ပန်းခင်းရာသို့ ၊ လျောက်ကြဘို့ဟု
မ တို့ မဆုတ် ၊ ရဲရဲလုပ်မည်
အဟုတ်ပန်းတိုင် ရောက်ရမည်။
အတည်ချမှတ် ၊ မြန်မာ့တပ်လျင်
သတ်မှတ်သစ္စာ ၊ တည်စေရာဟု
လက်မှာသွေးဖေါက် ၊ အတူသောက်သည်
မကြောက်စတမ်းဟေ့ တို့မြန်မာ ။
တိုင်းတစ်ပါးလျင် ၊ ကျူးကျော်ဝင်လျက်
သခင်မျိုးဟေ့ ၊ တို့မမေ့ဘူး
တို့ဒူးမထောက် ၊ လက်မမြှောက်ဘူး
မကြောက်မရွံ့ ၊ ခြင်္သေသေ့ဟွန့်သို့
စွန့်စွန့်စားစား ၊ တိုက်ခိုက်သွားမည်
တပါးလက်အောက် ၊ တို့လွတ်မြောက်ဘို့
မှဲ့တပေါက်လျင် ၊ ထီမထင်ပဲ
ဝန့်ဝန့်ရဲရဲ ၊ အံကိုခဲသည်
လွတ်မြဲလမ်းစဉ် လျန်းလျန်းတည်း…။
တိုင်းပြည် လူမျိုး ၊ ဂုဏ်မညှိုးဘို့
တို့ဘိုးတို့ဘ ၊ ဟိုရှေးကလျင်
ထီးမနန်းမြေ ၊ ကမ္ဘာသိစေမည်
ထွေထွေ စီးဆင်း ၊ မြစ်တစ်စင်းလို
ခံပျင်းမရပ် ၊ တို့လွတ်လပ်ဘို့
ဘ၀အပ်လျက် ၊ သူပေးဆက်သည်
အသက်တမျှ ချစ်ခင် တို့ဖခင် ….
လွတ်လပ်ရေး သခင် တို့ဖခင်……
အောင်ဆန်း သခင် တို့ဖခင်…..။


ဗိုလ်ချုပ်မွေးနေ့
ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ဟာ
ဖေဖေါ်ဝါရီ ဆယ့်သုံးမှာ။
တစ်ထောင်ကိုးရာ တစ်ဆယ့်ငါး
ကျွေးရှင် ဦးဖာသား။
မကွေးတိုင်းဖျား နတ်မောက်နယ်
သိကြများလူနှယ်။
ရဲရဲတောက်နွယ် လူစွမ်းအား
မိခင်ဒေါ်စုသား။
စိတ်ထားမြင့်မြတ် တို့ဖခင်
ငါတို့ဦးထိပ်တင်။
မမေ့အစဉ် စိတ်မှာထား
အေက်မေ့ကြစေသား။
တက္ကသိုလ် သီရိမောင်
လွတ်လပ်ရေးအတွက် အသက်ပေးသွားသော ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကိုဦးညွတ် အမှတ်ရစေလျက် ရေးဖွဲ့တင်ပြသည်။


ဆက်လက်ဖတ်ရှုတော်မူကြပါရန်>>>

Read More...

ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စုစစ်စစ်မူဝါဒ

ပင်လုံညီလာခံတွင် ဖဆပလ၏ သဘောထားကို တိုင်းရင်းသားကိုယ်စားလှယ်တို့အား ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား တင်ပြနေစဉ်
ဗြိတိသျှအစိုးရအနေဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ လွတ်လပ်ရေးမရရှိစေရန်အတွက် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ကြပါသည်။

ထိုသို့ ဟန့်တားမှုများတွင် မြန်မာပြည်မနှင့် တောင်တန်းဒေသများ (တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း)ကို သွေးခွဲအုပ်ချုပ်သည့် နည်းဖြင့်လည်း အုပ်ချုပ်ခဲ့ကြသည်။ ဥပမာအားဖြင့် တောင်တန်းဒေသများကို သီးခြားစီမံကိန်းဒေသများအဖြစ် ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ပြီး ဒေသတစ်ခုနှင့်တစ်ခု ကူးသန်းမှုကို ၁၈၉၆ ခုနှစ် ချင်းတောင်တန်းဥပဒေ၊ ၁၈၉၈ ခုနှစ် ကချင်တောင်တန်းလူမျိုးစုဥပဒေ အစရှိသည်တိုဖြင့် ကန့်သတ်ခဲ့သည်။



ထို့အပြင် အင်္ဂလိပ်လက်အောက်သို့ မရောက်ရှိမီ အချိန်များကလည်း ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် နေထိုင်ခဲ့သည့် တိုင်းရင်းသားလူမျိုးစုများကလည်း ရှိထားခဲ့ပြီးဖြစ်ပါသည်။ ယင်းကဲ့သို့သော သွေးခွဲအုပ်ချုပ်ထားမှုများက လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်မြင့်ချိန်တွင်ပို၍ ရှုပ်ထွေးစေခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ လန်ဒန်ခရီးစဉ်တွင် ပြည်မနှင့်တောင်တန်းပူး ပေါင်းရေးကိစ္စမှာ အရေးပါလာသော ကိစ္စဖြစ်လာခဲ့ပါသည်။ ပြည်မနှင့်တောင်တန်းပူးပေါင်းအရေးဆိုမှသာ လွတ်လပ်ရေးအတွက် အာမခံချက်ရရှိမည့် အခြေအနေဖြစ်လာခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ပြည်မနှင့် တောင်တန်းပူးပေါင်းမှု မပြုလုပ်နိုင်ရန် ဗြိတိသျအစိုးရမှ နည်းမျိုးစုံသုံး ကြိုးပမ်းခဲ့ကြသည်။ ထိုသို့သော အခက်အခဲများရှိနေသည့်ကြားကပင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လွတ်လပ်ရေးအတွက် ခိုင်မာသော ပြင်ဆင်မှုတစ်ရပ်ဖြစ်သည့် အောင်ဆန်း-အက်တလီ စာချုပ်ကို ၁၉၄၇ခုနှစ် ဇန်န၀ါရီလ ၂၇ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့ပါသည်။

အောင်ဆန်း-အက်တလီစာချုပ်တွင် ပါဝင်သော အချက်အလက်များအရ ပြည်ပနှင့်တောင်တန်းဒေသ ပေါင်းစည်းရေးအတွက် အရေးပါသော ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့တွင် စတင်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကချင်၊ ချင်း၊ ရှမ်း အမျိုးသား ကိုယ်စားလှယ်များအကြား ပြည်မတောင်တန်းပေါင်းစည်းရေးအတွက် သဘောတူညီမှုရရှိခဲ့သည့် ပင်လုံစာချုပ် ကို ပင်လုံမြို့၌ ချုပ်ဆိုနိုင်ခဲ့သည်။ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းက ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး အပြည့်အ၀ရရှိရန်အတွက် လက်နက်တစ်ခုဖြစ်ခဲ့သည်။

ဖော်ပြပါအချက်အလက်များက လွန်ခဲ့သော ၆၅ နှစ်တာကာလ၌ စိုက်ထူခဲ့သော သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့ပါသည်။ လွတ်လပ်ရေးရရှိခဲ့ပြီး နှစ်ပေါင်းခြောက်ဆယ်ကျော်လာခဲ့သည့်တိုင် မြန်မာ့နိုင်ငံရေးအခင်းအကျင်း၌ တိုင်းရင်းသားအ ရေးက အရေးပါသော ထိပ်တန်းနေရာတွင် ရှိနေဆဲဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ကြိုးပမ်းလာခဲ့ပါသည်။၂၀၁၂ခုနှစ်ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် လွှတ်တော် တတိယပုံမှန်အစည်းအဝေးများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပေးပို့ခဲ့သော သ၀ဏ်လွှာ၌-

''နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အတွင်းထာဝရ ငြိမ်းချမ်းရေးရရှိစေရန်အတွက် နိုင်ငံ၏ ပကတိအရှိတရားနှင့် အတိတ်သမိုင်းအတွေ့အကြုံများအပေါ်အခြေခံလျက် ယခင်ကနှင့်မတူသည့် မူများကို ကျင့်သုံးကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ ငြိမ်းချမ်းရေး ရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ဆွေးနွေးညှိနှိုင်းပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံ သဘောတူညီချက်များကို လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်အဖွဲ့(၅) ဖွဲ့နှင့်လည်း ထိတွေ့ညှိနှိုင်း ဆွေးနွေးဆောင်ရွက်လျက်ရှိရာ ခြုံငုံသုံးသပ်ရပါက ငြိမ်းချမ်းရေး ဖော်ဆောင်မလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ပြီး အခြေအနေကောင်းမွန်သည်ကို တွေ့မြင်နိုင်ပါသည်။ ဆက်လက်၍လည်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်'' ဟု ပြောဆိုခဲ့ပါသည်။

ယင်းသို့ လိုအပ်ချက်နှင့်အညီ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကျင်းပစဉ်က သမိုင်းအကျဉ်းနှင့် မျက်မှောက်ခေတ်နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်နေသည့် တိုင်းရင်းသားများ၏ အမြင်ကို ၆၅ နှစ်ပြည့် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် ဖော်ပြလိုက်ပါသည်။

''တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ အကျိုးရှိကြောင်း သိနိုင်တယ်''ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြည်မနှင့်တောင်တန်းဒေသပူးပေါင်း၍ လွတ်လပ်ရေး သဘောတူညီချက်ရရှိသည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့ပါသည်။


၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာချုပ်ဆိုခဲ့သည့် အထိမ်းအမှတ်အဖြစ်စိုက်ထူခဲ့သော 'တောင်တန်း-ပြည်မ ပူးပေါင်းရေးစာချုပ်' ကျောက်တိုင်

၁၉၄၇ ဖေဖော်ဝါရီ ရက်စွဲများ

၁၉၄၇၊ ဖေဖော်ဝါရီလ ၂ - ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၃ မှ ၁၃- ဒုတိယ ပင်လုံအစည်းအဝေး (ပင်လုံညီလာခံ)ကျင်းပ၊ ပထမ ပင်လုံအစည်းအဝေးကို ၁၉၄၆ခုနှစ် မတ်လ ၁ မှ ၁၂ အထိ ကျင်းပခဲ့။

ပထမအကြိမ်ပင်လုံအစည်းအဝေးသို့ သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့က ဖဆပလကိုယ်စားလှယ်အဖြစ် တက်ရောက်ထားခဲ့။၁၉၄၇၊ ဖေဖော်ဝါရီလ ၂ - ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမှ အောင်ဆန်းအက်တလီ သဘောတူညီချက်ကို ဖဆပလအမှုဆောင်အစည်းအဝေး၌ တင်ပြ။ အမှုဆောင်အဖွဲ့ဝင်တို့ဆွေးနွေးပြီး သဘောတူညီချက်ကိုလက်ခံကြောင်း ဆုံးဖြတ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၃ - ဗိုလ်ချုပ်အောင်ဆန်းမှ ဖဆပလအဖွဲ့ချုပ်သို့ သတင်းစာဆရာများကိုဖိတ်ကြားပြီး လန်ဒန်၌ပြုလုပ်ခဲ့သော လွတ်လပ်ရေး ဆွေးနွေးပွဲအကြောင်းရှင်းလင်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၄ - အောင်ဆန်း အက်တလီစာချုပ်နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမှ တိုင်းပြည်သို့ အသံလွှင့်အစီရင်ခံ။

၁၉၄၇၊ ဖေဖော်ဝါရီ ၅ - ကရင်ဗဟိုအဖွဲ့ချုပ်မှကြီးမှူး၍ ကရင်ညီလာခံသဘင် ကျင်းပပြီး အောင်ဆန်း-အက်တလီစာချုပ်သည် ကရင်အမျိုးသားတို့၏ အခွင့်အရေးကို ထိပါးနစ်နာစေသဖြင့် ကန့်ကွက်ကြောင်းဆုံးဖြတ်၊ ကန့်ကွက်ချက်ကို မြန်မာနိုင်ငံဘုရင်ခံမှတစ်ဆင့် ဗြိတိသျှနန်းရင်းဝန်ထံပေးပို့။ ညီလာခံတွင်လည်း စောဘဦးကြီးအား ဘုရင်ခံ၏အမှုဆောင်ကောင်စီမှ နှုတ်ထွက်ရန် ဆုံးဖြတ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၅ - တောင်တန်းဒေသ သဘောထားစုံစမ်းရေးနှင့်ပတ်သက်ပြီး ဘုရင်ခံနေအိမ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်။

၁၉၄၇၊ ဖေဖော်ဝါရီ ၇ - ပင်လုံညီ လာခံကျင်းပနေစဉ်အတွင်း တောင် တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့(Supreme Council of United Hill People/SCOUHP)ကို ဖွဲ့စည်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၇ - ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်သူ့ကိုယ်စားလှယ်များပူးပေါင်း၍ ရှမ်းပြည်ကောင်စီအမှုဆောင်အဖွဲ့(Shan State Council) ဖွဲ့စည်း။

၁၉၄၇၊ ဖေဖော်ဝါရီ ၈ - ပင်လုံညီလာခံသို့ တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၉ - ဗြိတိသျှ ဒိုမီနီယံရေးရာ လက်ထောက်အတွင်းဝန် ဘော်တွမ်မလီ၊ မစ္စတာလက်ဝဒ်ခ်ျ၊ ဂျွန်လေဒင်တို့ ပင်လုံသို့ရောက်ရှိ။

၁၉၄၇၊ ဖေဖော်ဝါရီ ၉ မှ ၁၁- ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသခေါင်းဆောင်များ အပြင်းအထန် ဆွေးနွေး။

၁၉၄၇၊ ဖေဖော်ဝါရီ ၁၀- ဘုရင်ခံ အမှုဆောင်ကောင်စီဝင်အဖွဲ့မှ သခင်ဗစိန်နှုတ်ထွက်။

၁၉၄၇၊ ဖေဖော်ဝါရီလ ၁၂- ပင်လုံသဘောတူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၂ ဦး လက်မှတ်ရေးထိုးခဲ့။

ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စုစစ်စစ်မူဝါဒအပေါ် အမြင်များ

'ဒီအဖွဲ့နဲ့တွေ့ရတဲ့အခါမှာ တစ်ခါမှမတွေ့ရဖူးသေးတဲ့သူတွေဆိုပေမယ့် တော်တော်နွေးနွေးထွေးထွေးနဲ့ တရင်းတနှီးလည်း ရှိပါတယ်။ မိသားစုတွေလိုပဲ ဖြစ်တဲ့အခါကျတော့ ကျွန်မတို့ပြည်ထောင်စုဆိုတာ ဒီလိုပဲဖြစ်ရမယ်လို့ စဉ်းစားမိပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အားလုံးကအတူတူပါပဲ။ တန်းတူညီတူနဲ့ သွေးရင်းညီအစ်ကိုမောင်နှမတွေလို ဖြစ်ရပါမယ်။ ပြောတဲ့ဆိုတဲ့နေရာမှာလည်း ပွင့်ပွင့်လင်းလင်း ရှိတယ်။ အတွေးအမြင်တွေကလည်း တော်တော်တူပါတယ်။ အဲဒီလိုတိုက်ဆိုင်မှုတေ သိပ်များတဲ့အခါကျတော့ ကျွန်မတို့ နိုင်ငံရဲ့အနာဂတ်အတွက် အင်မတန်မှကောင်းတဲ့ လက္ခဏာလို့ မြင်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး နောင်လည်းဒီလိုလက်တွဲပြီးတော့ အတူလမ်းလျှောက်နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုပါတယ်'။
ဒေါ်အောင်ဆန်းစုကြည် (ဖေဖော်ဝါရီလ ၁၀ ရက်နေ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် တွေ့ဆုံပြီးနောက် ပြောကြားချက်)

'ပြည်ထောင်စုလို့ပြောကြရင် အဓိကကတော့ အားလုံးတန်းတူရည်တူရှိမှုက အရေးကြီးပါတယ်။ တိုင်းရင်းသားအားလုံးတစ်ဦးချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေ၊ ယဉ်ကျေးမှု၊ ဘာသာစကားဆိုတာ ရှိကြတယ်။ ဒါတွေအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးမှသာ တန်းတူညီမျှတဲ့ ပြည်ထောင်စုဖြစ်နိုင်တယ်။ အထူးသဖြင့်တော့ လူမျိုး၊ လူဦးရေများတဲ့ ဗမာတွေက သူတို့ကိုယ်သူတို့ အစ်ကိုကြီးနေရာကနေပြီးတော့ ကျန်တဲ့လူမျိုးလူဦးရေနည်းတဲ့ တိုင်းရင်းသား တွေအပေါ် ဦးစီးချုပ်ကိုင်လိုတဲ့ အဲလိုစိတ်ဓာတ်တွေကို စွန့်ပယ်ဖို့လို အပ်တယ်။ လူမျိုးကြီးတဲ့လူက လူမျိုးကြီးဝါဒကျင့်သုံးတာတွေ မလုပ်သင့်သလို လူမျိုးငယ်တဲ့လူတွေကို လူမျိုးငယ်ဝါဒ မထားသင့်ဘူး။ အားလုံး တန်းတူရည်မျှရှိမှသာလျှင် ပြည်ထောင်စုစစ်စစ် မူဝါဒဖြစ်နိုင်မယ်'။
လူထုဦးစိန်ဝင်း

ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ နှစ်ပတ်လည်နေ့ ရောက်တိုင်းရောက်တိုင်းမှာ အခမ်းအနားတွေ လုပ်နေကြတာပဲ။ ဒါပေမယ့် ပြည်ထောင်စုစိတ်ဓာတ်က ဘယ်လောက်အထိ အမြစ်တွယ်နေပြီလဲဆိုတာ ကျွန်တော်တို့အားလုံးမှာ မေးခွန်းတစ်ခုဖြစ်လာတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံကိုတကယ့်ကို နှစ်ပေါင်းထောင်ချီပြီးတော့ သမိုင်းကြောင်းရှိတဲ့နိုင်ငံအဖြစ်နဲ့ ကျွန်တော်တို့ဂုဏ်ယူခဲ့ကြတယ်။ ကျွန်တော်ပြန်လေ့လာကြည့်တော့ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ဆိုတာတွေအားလုံး လက်ရုံးရည်ကို အခြေပြုပြီးတော့ တည်ဆောက်ခဲ့ကြတာ။ အဲဒီတော့ နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းမှာ ကျွန်တော်တို့က နိုင်ငံတော်အဖြစ်နဲ့ စုစည်းနိုင်တဲ့ကာလပြောပါဆိုရင် နှစ်တစ်ရာပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။

အဲဒီတော့ ဒီပင်လုံစာချုပ်က စတုတ္ထမြန်မာနိုင်ငံကို တည်ဆောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး နှလုံးရည်နဲ့ စုစည်းခဲ့ကြတဲ့ တည်ဆောက်ခဲ့ကြတဲ့ ပင်လုံစာချုပ်။ ဒါပေမယ့် ပြည်တွင်းစစ်လက်နက်ကိုင် ပဋိပက္ခတွေကြောင့်မို့လို့ အဲဒီတုန်းက နှလုံးရည်နဲ့ စုစည်းခဲ့ကြတဲ့ ရည်မှန်းခဲ့ကြတဲ့ နိုင်ငံတော်ဟာ ရုပ်လုံးပေါ်မလာခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့မျိုးဆက်မှာတော့ ပဉ္စမနိုင်ငံတော်ကို မဖြစ်ဖြစ်အောင်လို့ တည် ဆောက်ကြတော့မယ်။ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကနေ နိဒါန်းဖွင့်လိုက်တဲ့ ပဉ္စမမြန်မာနိုင်ငံတော် တည်ဆောက်နေဆဲ အသွင်ကူးပြောင်းနေဆဲ ကာလတစ်ခုကို ကျွန်တော်တို့ ဖြတ်သန်းနေကြတယ်။ အဲဒီတော့ ကျွန်တော်တို့က အတိတ်သမိုင်းကြောင်းကို သင်ခန်းစာယူပြီးတော့ ပြီးခဲ့တဲ့ လက်နက်နိုင်ငံတော်တွေဟာ ကာလတိုအတွင်းမှာပဲ ပြိုကွဲသွားခဲ့ကြတယ်ဆိုတာကို အလေးအနက် သင်ခန်းစာယူဖို့ လိုတယ်။

ကျွန်တော်တို့တိုင်းရင်းသားချင်း ဖြေရှင်းတဲ့ကိစ္စမှာ အစဉ်အလာတစ္ဆေခြောက်နေတဲ့ ဖက်ဒရယ်ဆိုတာဟာ နိုင်ငံတော်ပြိုကွဲတော့မယ်ဆိုပြီးတော့ ၆၂ မှာ စစ်တပ်ကနေ အာဏာသိမ်းခဲ့တယ်။ အခုချိန်အထိ ဖက်ဒရယ်တစ္ဆေခြောက်နေတဲ့ကိစ္စဟာ အခုလိုကမ္ဘာနဲ့ချီပြီးတော့ ဂလိုဘယ်လိုက်ဇေးရှင်း အပြောင်းအလဲထဲမှာ ဒါကြီးက မဖြစ်သင့်တော့ဘူး။ နိုင်ငံတကာကို ကြည့်ရင်လည်း ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေဟာ ပြည်ထောင်စုပုံစံနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာ ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်နေရတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံတော်ကို၊ နိုင်ငံတော်သစ်ကို တည်ဆောက်ကြတော့မယ်ဆိုရင် နှလုံးရည်ကိုအခြေခံတဲ့ ပြည်ထောင်စုစစ်စစ်ဟာ နိုင်ငံရဲ့ တိုင်းရင်းသားပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲလို့ ကျွန်တော်ကတော့ ယုံကြည်တယ်။
ကိုကိုကြီး (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်)

'အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တိုင်းရင်းသားအရေးကိစ္စလည်း ပါပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်တဲ့ အပြောင်းအလဲဆိုတာ တိုင်းရင်းသားပြဿနာကို ပြီးပြတ်အောင် ဖြေရှင်းနိုင်ခြင်းဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့သူတို့ရဲ့ သက်တမ်းအတွင်းမှာ ဘယ်အစိုးရကမှ မရခဲ့ဘူးတဲ့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ ကတိကိုကြိုဆိုပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စု စစ်စစ်မူဝါဒနဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကြားက ကွာဟချက်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေအားလုံးကို ပြေလည်ပြီးပြတ်အောင် အားလုံးညီညီညွတ်ညွတ် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်ထောင်စုစစ်စစ်မူဝါဒဟာ ပြည်ထောင်စုစိတ်ဓာတ်ကို မထိခိုက်နိုင်ဘူးဆိုတာကို တိုင်းရင်းသားတွေသာမက ပြည်သူသန်း ၆၀ပါ နားလည်အောင်လုပ်ဖို့ ကျွန်တော်တို့သတင်းမီဒီယာတွေမှာ တာဝန်ရှိလာပါပြီ'။
ဒေါက်တာသန်းထွဋ်အောင် (CEO, Eleven Media Group)

'ပြောပြီးသားစကားတွေကိုပဲ ထပ်ပြီးတော့ပြောရမှာပါပဲ။ ရိုးသားရမယ်၊ ဖြူစင်ရမယ်။ မီးကပူတာကတော့ ပူမှာပဲ။ ပူတာကိုပြောနေတာနဲ့ မရတော့ဘူး။ တိုင်းရင်းသားတွေ ရချင်တာက ဖက်ဒရယ်ပဲ။ ဖက်ဒရယ်ဆိုတာနဲ့ ခွဲထွက်မယ်လို့ထင်နေတဲ့ အတွေးဟောင်းကြီးကို၊ mind-set ကို ဖယ်ထုတ်လိုက်ပါ။ ပြည်ထောင်စုကြီးကနေ ဘယ်သူမှ ခွဲမထွက်ပါဘူး။ တိုင်းရင်းသားတွေအကုန်လုံး ခွဲထွက်ချင်တာ၊ တော်လှန်ချင်တာ ဘယ်သူ့မှာမှ မရှိဘူး။

quality မရှိသရွေ့ ၊ harmony မဖြစ်သရွေ့ ကျွန်တော်တို့ပြည်ဟာ ငြိမ်းချမ်းရေးနဲ့ ဝေးနေမယ်။ အဲဒါလေး ကျွန်တော်ပြောချင်တယ်။ ရက်ခြောက်ဆယ်ဖြစ်ဖြစ်၊ ရက်ကိုးဆယ်ဖြစ်ဖြစ် အပစ်အခတ်ရပ်ပြီး ကွန်ဖရင့်ပဲပြောပြော အားလုံးအတူ တွေ့ကြပေါ့ဗျာ။ လုပ်ရပ်အမှန်တွေအတွက် အခုချိန်ဟာ အချိန်ကောင်းပါပဲ။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ ပြောနေခဲ့တာပါ။ အခုလည်း ဒီအစိုးရကအခွင့်အရေးရပြီ။ သူလည်း ရောဂါသိတယ်။ ဆေးလည်းသိတယ်။ ကျွန်တော်တို့လည်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရချင်တာပဲ။ တန်းတူညီမျှမှု ရှိချင်တာပဲ။ ခွဲထွက်တာ မဟုတ်ပါဘူး။ အဲဒီခွဲထွက်တယ်ဆိုတာကြီးက ၁၉၆၀၊ ၁၉၆၁ရောက်မှ ပေါ်လာပြီး ၁၉၆၂ မှာ ဦးနေ၀င်းက အာဏာသိမ်းလိုက်တာ။ အဲဒီတည်းက အရိုးစွဲလာတာက ဖက်ဒရယ်ဆို၊ ပြည်ထောင်စုစစ်စစ် မူဝါဒဆို ခွဲထွက်တယ်ဆိုတာမျိုး တရားသေမှတ်ထားတယ်။ အဲဒါမဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့အားလုံး စုံညီတွေ့ပါ။ စကားပြောပါ။ ကျွန်တော်ကတော့ ဒါပဲပြောချင်ပါတယ်'။
ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)

'ကျွန်တော်တို့ ပါတီထောင်တယ်ဆိုကတည်းက အချက်က သုံးချက်ပဲရှိတယ်။ တိုင်းပြည်မှာ တိုင်းရင်းသားတွေအပါအ၀င် အားလုံးတန်တူညီမျှ ရှိရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမယ်။ ဖက်ဒရယ်စစ်စစ်ဖြစ်ရမယ်။ ဒီသုံးချက်ကိုပဲ ပါတီထောင်ပြီးကတည်းက ပြောခဲ့တယ်။ ကျွန်တော်တို့တွေ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ ပြည်ထောင်စုလို့ပြောခဲ့ပေမယ့် ခြေလှမ်းတိုင်းမှာ ပြည်ထောင်စုမဖြစ်ခဲ့ဘူး။ ၁၉၅၈ ခုနှစ်မှာ ဖက်ဒရယ်လို့ ပြောပေမယ့် ပြည်ထောင်စုမဖြစ်ခဲ့ဘူး။ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၁၉၇၄ ခုနှစ်မှာ ပြည်ထောင်စုလို့ သုံးပေမယ့် သုံးတာပဲရှိခဲ့ပြီး ပြည်ထောင်စုရဲ့အနှစ်သာရကို ကျွန်တော်တို့ မရရှိခဲ့ပြန်ဘူး။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ ဘာမှမရှိတော့ပြန်ဘူး။ နောက် ၁၃ နှစ်တာကာလမှာ အမျိုးသားညီလာခံဖြစ်လာပြီးတော့ အခြေအနေက အရင်ကထက် ပိုဆိုးလာသလို ဖြစ်လာပြန်တယ်။ တိုင်းရင်းသားတွေက ပြည်ထောင်စုစစ်စစ်လို့ဆိုရင်၊ ဖက်ဒရယ်လို့ဆိုရင် ခွဲထွက်မယ်ပဲ ထင်ခဲ့ကြတယ်။ ခွဲထွက်ဖို့ အကြောင်းမရှိပါဘူး။ တန်းတူညီမျှရှိရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရေးတို့၊ ဖက်ဒရယ်ဖြစ်ရေးတို့ဆိုတာ ပင်လုံစိတ်ဓာတ်တွေပါပဲ။ ဒါကိုအားလုံးက လိုချင်ကြတာပဲ။ ခွဲထွက်၊ မခွဲထွက်တာတွေက လုပ်စရာအကြောင်းမရှိပါဘူး'။
ဦးနိုင်ငွေသိန်း (ဥက္ကဋ္ဌ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ)

'ဒီနှစ်ကျွန်တော်တို့ ပြည်ထောင်စုနေ့ကို မြန်မာပြည်သမိုင်းမှာ တစ်စုံတစ်ရာသမိုင်းအရ ထူးခြားမှုရှိတယ်လို့ မြင်တယ်။ အရင်တုန်းက ဒီမိုကရေစီ တိုင်းရင်းသားပါတီဆိုပြီး မရှိခဲ့ဘူး။ အခုပြည်ထောင်စုနေ့ အချိန်ကာလမှာ တိုင်းရင်းသားပေါင်းစုတွေနဲ့ တပ်မတော်ကြား အပစ်အခတ်ရပ်စဲရေးတွေ ရှိနေပြီ။ ဒီနှစ်ပြည်ထောင်စုနေ့ဟာ အရင်နှစ်တွေထက်ပိုပြီး သမိုင်းတန်ဖိုးမြင့်လာတယ်လို့ ခံစားမိတယ်။ ပြည်ထောင်စုနေ့ဟာ မြန်မာပြည်သမိုင်းမှာ တကယ့်အထင်ကရနေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်လွတ်လပ်ရေးရဖို့ရယ်၊ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့အတွက် ဒီပြည်ထောင်စုနေ့ကပဲ အစပြုခဲ့တယ်။ ပြည်တွင်းစစ်ထဲမှာပဲ ဝေ့လည်လည်ဖြစ်နေပြီးတော့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အဖက်ဖက်မှာ နိမ့်ကျလာပြီး ကြည်နူးစရာ အဖြစ်အပျက်ရယ်လို့ မရှိခဲ့ဘူးလို့ ခံစားရတယ်။ အခုကျတော့ တစ်စုံတစ်ရာ ရောင်နီသန်းလာပြီလို့ ခံစားရတယ်။ အခုဒီအခမ်းအနားကစပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာထားပြီး တိုင်းရင်းသားတွေရော၊ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ အကုန်လုံး ညီညီညွတ်ညွတ် တည်ဆောက်ကြမယ်ဆိုရင် ဒီနိုင်ငံကြီးဟာ အင်မတန် ဂုဏ်သိက္ခာကျဆင်းနေရာကနေ တကယ်ကို ကောင်းမွန်တဲ့ နိုင်ငံကြီးဖြစ်လာမှာပါ။ အဲလိုဖြစ်လာဖို့အတွက် ရောင်နီလေးသန်းလာပြီလို့ မြင်တယ်။

ကျွန်တော်တို့ ပင်လုံစာချုပ်မှာ တိုင်းရင်းသာတွေက လွတ်လပ်ရေးကို အတူတူရယူကြမယ်ဆိုပြီးတော့ လုပ်ခဲ့တယ်။ တိုင်းရင်းသားတွေဟာ ဗမာခေါင်းဆောင်တွေနဲ့ တစ်သွေးတည်း တစ်သားတည်း ညီတယ်ဆိုတာ ကိုပြခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်ပိုင်း ဗိုလ်ချုပ်တို့ အာမခံခဲ့တဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေး ပေါ်မလာခဲ့ဘူးလို့လည်း တိုင်းရင်းသားတွေက ခံစားရတယ်။ ပြည်ထောင်စုအတွက် ပင်လုံစိတ်ဓာတ်ဆိုတာကတော့ တစ်ကယ်ကို ထာဝရမွေးမြူထားသင့်တဲ့ စိတ်ဓာတ်ပဲ။ ဒါပေမယ့် တာဝန်ခံမှုတွေကြားမှာ အားနည်းမှုတွေ ရှိခဲ့တယ်ပေါ့လေ။

ဒါကြောင့်လည်း တိုင်းရင်းသားတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာပြီးတော့ အဲလိုအထင်အမြင်လွဲမှားမှုတွေကို ဒီမိုကရေစီနည်းအရ မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြတော့ တိုင်းပြည်ရော ပြည်သူတွေအတွက်ပါ နစ်နာတယ်။ အများကြီး သေကျေပျက်စီးခဲ့ရတယ်။ ဘယ်လိုမှ ကောင်းကျိုးပေးတဲ့အရာကြီး မဟုတ်ပါဘူး။ အဲတော့ ပြည် ထောင်စုစိတ်ဓာတ်ကိုပဲ ကိုင်စွဲပြီးတော့ ဒီပြဿနာတွေကို ဖြေရှင်းသွားမယ်ဆိုရင် တိုင်းပြည်အတွက် အင်မတန်ကောင်းမွန်တဲ့ အလားအလာပဲ၊ အဲဒီအလားအလာတွေကို အခုရေးရေးလေး မြင်နေရပြီ'။
ဦးဦးလှစော(အထွေထွေအတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)

'ပြည်ထောင်စုစစ်စစ်မူဝါဒဆိုတာ ပင်လုံစိတ်ဓာတ်ဆိုတာကိုက ပြည်ထောင်စုကြီးကနေ ဘယ်တော့မှ မခွဲထွက်ဘူးဆိုတာ ဖြစ်ပါတယ်။ ပင်လုံညီလာခံမှာကတည်းက တိုင်းရင်းသားတွေဟာ ပြည်ထောင်စုကြီးကနေ ခွဲထွက်မနေဖို့ သန္နိဋ္ဌာန်ချထားခဲ့ကြတာပါ။ တိုင်းရင်းသားတွေက တန်းတူညီမျှ ရချင်တယ်။ ငြိမ်းချမ်းစွာ နေထိုင်လိုတယ်။ ဒီလိုဖြစ်ချင်တဲ့ဆန္ဒက တိုင်းရင်းသားအားလုံးမှာ ရှိကြပါတယ်။ ဖက်ဒရယ်ဆိုတဲ့သဘောမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ရှိပါတယ်။ဒီအချက်က ခွဲထွက်ဖို့ ပြောတာမဟုတ်ပါဘူး။ ပြည်ထောင်စုအစိုးရက ပြည်နယ်တွေ လုပ်မပေးနိုင်တာတွေ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ပြောရရင် ကျွန်မတို့ပြည်နယ်အတွင်းက သယံဇာတတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ကျွန်မတို့ဘာသာ ကျွန်မတို့ စီမံခန့်ခွဲချင်တယ်၊ ကာကွယ်ချင်တယ်။ ထိန်းသိမ်းချင်တယ်။ နောက်ပြီး တိုင်းရင်းသားဒေသက ပြဿနာတွေကို ပြည်ထောင်စုအစိုးရက မကိုင်တွယ်ပေးနိုင်တာတွေ ရှိပါတယ်။ အဲဒါတွေကို ကျွန်မတို့ဘာသာကျွန်မတို့ ကိုင်တွယ်ဖြေရှင်းချင်တယ်။ တိုင်းရင်းသားဒေသက ပြဿနာ၊ တိုင်းရင်းသားတွေ ဘာလိုချင်လဲဆိုတာက အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားတွေပဲ သိကြပါတယ်။အခုချိန်မှာ ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရတွေဖွဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ ထားရှိပေးပေမယ့် တိုင်းရင်းသားတွေလိုချင်တဲ့ အဆင့်ကိုရောက်ရှိဖို့ အင်မတန်မှ နည်းနေပါသေးတယ်။

ပြည်နယ်အစိုးရတွေက အလုပ်မရှိသလိုတောင် ဖြစ်နေပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ခွဲထွက်တာမဟုတ်ဘဲ ကိုယ့်ဒေသမှာရှိနေတဲ့ ကိစ္စရပ်တွေကို ကိုယ်တိုင်ထိန်းသိမ်းကာကွယ် စီမံခန့်ခွဲချင်တာပါ။ အခု တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားတွေ လိုချင်တာလည်း အဲဒါပါပဲ။ ကျွန်မတို့ကတော့ လွှတ်တော်ထဲကနေ တောင်းဆိုနေပါတယ်။ ရပ်တည်ချက်ချင်းမတူပေမယ့် တောင်းဆိုချက်ချင်းတော့ တူပါတယ်။ ကျွန်မတို့ကတော့ တိုင်းရင်းသားဒေသတွေကို သွားပါ၊ လေ့လာပါ။ သူတို့ဘာလိုချင်လဲဆိုတာကို ဆွေးနွေးပါ။ ပြီးသွားရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ မမျှတတဲ့အချက်တွေကို တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုလေ့လာပြီး ပြင်ဆင်သွားပါ။ ဒီလိုသဘောမျိုးပဲ ဖြစ်စေချင်ပါတယ်။ အခုချိန်မှာ ပြည်ထောင်စုအစိုးရက ပေးတော့ပေးနေတာပါပဲ။ ဒါပေမယ့် ပေးတော့ပေးတယ်။ မရဆိုတာမျိုးဖြစ်နေတာတွေကို ပြင်ဆင်စေချင်တယ်။
ဒေါ်ဒွဲဘူ(ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

'ပင်လုံစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုထဲမှာရှိနေတဲ့ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း အေးအတူပူအမျှ နေထိုင်လိုတဲ့ စိတ်၊ တရားမျှတမှုရှိစွာ နေထိုင်လိုတဲ့စိတ်၊ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့စိတ်။ အဲဒီစိတ်ဓာတ်တွေဟာ ပင်လုံစိတ်ဓာတ်တွေပါပဲ။ ဒီစိတ်တွေဟာ ပင်လုံရဲ့ပုံရိပ်တွေ၊ ပင်လုံရဲ့ ဂုဏ်ဒြပ်တွေပဲ ဖြစ်ကြပါတယ်။ အမှန်အတိုင်းပြောရရင် ပင်လုံစာချုပ်မှာပါတဲ့ အချက်တွေရဲ့ အကျိုးရလဒ်ကို အခုထိမရခဲ့ကြပါဘူး။ ဒါကိုပဲ တာဝန်ယူရဲတဲ့ အစိုးရကတာဝန်ယူပြီး ဖော်ဆောင်ပေးမယ်ဆိုရင်၊ ဖြေရှင်းပေးမယ်ဆိုရင် ပြည်ထောင်စုစစ်စစ် မူဝါဒဆိုတာ ဖြစ်လာမှာပါပဲ။ ဒါကိုပဲ ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ကိုပဲ တိုင်းရင်းသားတွေက မျှော်မှန်းနေခဲ့ကြတာပါ။ တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မယ်ဆိုပြီး မျှော်ခဲ့ကြတာပါ။

ဒီနေ့အချိန်မှာ တိုးတက်ပြောင်းလဲတာတွေ ရှိလာပြီလို့ပြောနိုင်ပေမယ့်အားမရနိုင်သေးပါဘူး။ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကိုတွေမျှော်လင့်နေကြတာကလည်း ပင်လုံစိတ်ဓာတ်အခြေခံတဲ့ ပြည်ထောင်စုစစ်စစ် မူဝါဒကိုပါပဲ။ ပြည်ထောင်စုစစ်စစ် မူဝါဒဟာခွဲထွက်ရေးမူမဟုတ်ပါဘူး။ ပြည်ထောင်စုဆိုတဲ့ စကားလုံးနဲ့ ကိုက်ညီတဲ့ ပင်လုံစိတ်ဓာတ်တွေကို ဆိုလိုခြင်းပါပဲ။ကျွန်တော်ပြောဖူးပါတယ်။

ပြည်ထောင်စုဆိုတဲ့ပန်းဥယျာဉ်ထဲမှာပန်းအားလုံးစုံညီပွင့်နိုင်မှ ရောင်စုံအလှတွေနဲ့ ပြည့်စုံတဲ့ ပန်းဥယျာဉ်ကြီး ဖြစ်လာမှာပါ။ ဒီလိုမျိုး ပန်းပေါင်းစုံညီပွင့်နိုင်ဖို့ကို ကျွန်တော်တို့ဆက်ပြီး မျှော်လင့်လျက်ရှိနေပါတယ်'
ဦးဇိုဇမ်(ဥက္ကဋ္ဌ၊ ချင်းအမျိုးသားပါတီ)

ပင်လုံစိတ်ဓာတ်ဆိုတာကလည်း ဒီမျိုးစုကိုမှ ဒီလိုမျိုး ဟိုလိုမျိုး ခွဲခြားထားတာမရှိဘူး၊ တန်းတူထားတယ်။ သူတို့မို့ ဒီအခွင့်အရေး ရစေရမယ်ဆိုတဲ့ အချက်တွေမပါဘူး။ ဒီမျိုးနွယ်စုအတွက်ကတော့ ပိုသာတဲ့ အကြောင်းအရာတွေ ထားရမယ်ဆိုတာလည်း မပါဘူး။ ဒီပင်လုံစာချုပ်မှာ အားလုံးဟာတန်းတူဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ဟာ အခရာအကျဆုံးပဲ၊ ဒါဟာလူသားဆန်တဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ အခု ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ဟာ ဖြတ်သန်းလာခဲ့သမျှ ပြည်ထောင်စုနေ့တွေထဲမှာ အထူးခြားဆုံးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေလဲ လွတ်မြောက်လာတယ်၊ ၈၈ ကျောင်းသားတွေလဲ လွတ်မြောက်လာတာ ရှိတယ်။ ဒီမိုကရေစီလိုလားခြင်းကို ကူးပြောင်းလာတဲ့ အသွင်သဏ္ဍာန်တွေ ရှိတယ်။ ရောင်နီသန်းလာတဲ့အတွက်ကြောင့် ဒါဟာ မင်္ဂလာတစ်ပါးပါပဲ။ ဒါကိုကြိုဆိုတဲ့အတွက် ပြည်ထောင်စုနေ့ကိုလည်း ကျွန်တော်တို့ ကြိုဆိုတယ်။ နောက်များမှာ လည်း ခြေလှမ်းခိုင်ခိုင်မာမာနဲ့ ဆက်သွားနိုင်ပြီး ခရီးရောက်နိုင်ဖို့ လမ်းလျောက်စက်ပေါ်မှာ လမ်းလျောက်ပြီး ဘယ်ခရီးမှမရောက်သလိုမျိုးမဟုတ်ဘဲ တကယ့်ခြေလှမ်းစစ်စစ်နဲ့ ခရီးရောက်ဖို့ ခရီးသွားခြင်းဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်'။
ကိုငယ်ပီး (အတွင်းရေးမှူး၊ ချင်းအမျိုးသားပါတီ)



'အခုလိုကျွန်တော့် အနေနဲ့ ဒီကိုလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ တွေ့ချင်တာလည်း ကြာပြီ။ အခုလိုလာတာကလည်း အားလုံးအတွက် လာတာနော်။ အခုလိုလာပြီးတွေ့ရတာ အများကြီး ကျေးဇူးတင်တယ်။ နောက်ပြီးတော့ အားလုံးကလည်း ၀မ်းသာကြမှာပါ။ ကျန်ခဲ့တဲ့လူတွေလည်း လာစေချင်တယ်။ ပထမဆုံး မလာခင်ကတော့ နည်းနည်းတော့ စိုးရိမ်တယ်၊ ကြောက်တာပေါ့နော်။ အစိုးရနဲ့ လာတွေ့တုန်းကလည်း။ အခုတော့ အားလုံးကအဆင်ပြေတယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း။ ဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ NLD နဲ့အားလုံးနဲ့ ကျွန်တော်တို့လက်တွဲပြီးတော့ ဗမာပြည်ရဲ့ ရှေ့အနာဂတ်ကောင်းစားရေး၊ လူထုတွေ တိုးတက်ရေးအတွက် ကျွန်တော်တို့ အတူတကွလက်တွဲပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်က အသက်အကြီးဆုံးပါ။ စစ်ထဲဝင်တုန်းကအသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အခုတော့ ကျွန်တော်အသက်ကြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့က မခွဲခြားပါဘူး။ နောက်ဗမာလူမျိုးပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားတွေဖြစ်ဖြစ် အားလုံးက ကျောသားရင်သားတွေပဲ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အတူတကွ လက်တွဲပြီး လုပ်သွားရမှာဖြစ်တယ်'။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဌေးမောင် (ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ပြောဆိုချက်)

'ပြည်ထောင်စုနေ့ဆိုတာက ၁၉၄၇ မှာ စတင်ဖြစ်ပေါ်လာခဲ့တယ်။ အဓိကကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသလိုက်တဲ့ ပွဲပါ။ ဒါပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာ တကယ်ကျတော့ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ တိုင်းရင်းသားတွေ အချင်းချင်း ဒီ့ထက်ပိုပြီး ညီညွတ်ဖို့လိုအပ်ပြီး ဒီ့ထက်ပိုပြီး အသိအမှတ်ပြု အပြန်အလှန်လေးစားမှုတွေ ရှိဖို့လိုအပ်ပါတယ်။ ပင်လုံစိတ်ဓာတ်ဆိုတာကတော့ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်မှုအပေါ် အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုစိတ်ဓာတ်ပါ။ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်မှုအတွက် တောင်တန်းဒေသတွေ မြေပြန့်ဒေသတွေ အားလုံးပေါင်းပြီး အပြန်အလှန် ညီညွတ်မှုတွေနဲ့ ပြည်ထောင်စုကြီးကို အပြန်အလှန်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒီနှစ်ပြည်ထောင်စုနေ့က ထူးခြားပါတယ်။ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ဖို့အတွက် ရောင်ခြည်သန်းလာပြီလို့ မြင်ပါတယ်။ ဒီထက်ပိုပြီး လင်းလာဖို့အတွက်လည်း မျှော်လင့်ပါတယ်။ အထူးသတိထားရမှာကတော့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုမပြိုကွဲဖို့ ပိုခိုင်မာလာစေဖို့က တိုင်းရင်းသားတွေအပေါ်ပဲ မူတည်တာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းပြည်ပမှာရှိနေတဲ့ နိုင်ငံရေးပါတီအားလုံးနဲ့ ပြည်ထောင်စု တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းလုပ်ဆောင်မှ ပြည်ထောင်စုစစ်စစ်ကြီး ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်တဲ့အတွက် အဲလိုဖြစ်ပေါ်လာစေဖို့လည်း ဆုတောင်းပါတယ်'။
ဦးစောစိန်ဝင်းအောင် (ပြန်ကြားရေးတာဝန်ခံ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ)

ပင်လုံစာချုပ် ချုပ်ဆိုစဉ်က လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ

၁။ ဗိုလ်ချုပ်အောင်ဆန်း(မြန်မာပြည်ခေါင်းဆောင်)၊ ၂။ စ၀်ခွန်ပန်းစိန် (တောင်ပိုင်းစော်ဘွား)၊ ၃။ စ၀်ရွှေသိုက်(ညောင်ရွှေစော် ဘွား)၊ ၄။ စ၀်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)၊ ၅။ စ၀်နွံ(လဲချားစော်ဘွား)၊ ၆။ စ၀်စံထွန်း(မိုင်းပွန်စော်ဘွား)၊ ၇။ ခွန်ဖုန်း(မြောက်ပိုင်းသိန္နီ လူထုကိုယ်စားလှယ်)၊ ၈။ စ၀်ထွန်းအေး(သာမိုင်းခမ်းစော်ဘွား)၊ ၉။ ဦးတင်အေး(တောင်ကြီးလူထုကိုယ်စားလှယ်)၊ ၁၀။ ဦးကြာပု(သီပေါလူထုကိုယ်စားလှယ်)၊ ၁၁။ စ၀်ယိင်ဖ(သီပေါလူထု ကိုယ်စားလှယ်)၊ ၁၂။ ဆမားဒူဝါဆင်ဝါနောင်(မြစ်ကြီးနား ကချင်ကိုယ်စားလှယ်)၊ ၁၃။ ဒူဝါဇော်ရစ်(မြစ်ကြီးနားကချင်ကိုယ်စားလှယ်)၊ ၁၄။ ဦးခွန်ထီး (ပင်လုံလူထုကိုယ်စားလှယ်)၊၁၅။ဦးထွန်းမြင့်(မောက်မယ် လူထုကိုယ်စားလှယ်)၊ ၁၆။ဦးခွန်စော(ပင်းတယလူထုကိုယ်စားလှယ်)၊ ၁၇။ဦးဖြူ(ဆီဆိုင်စော်ဘွား ကိုယ်စားလှယ်)၊ ၁၈။ဦးဒိန်ရတန်(ဗန်းမော် ကချင်ကိုယ်စားလှယ်)၊ ၁၉။ဒူဝါး ဇော်လွန်း(ဗန်းမော် ကချင်ကိုယ်စားလှယ်)၊၂၀။ဦးလဘန်းဂရောင်(ဗန်းမော် ကချင်ကိုယ်စားလှယ်)၊၂၁။ဦးလူမုန်း(ဖလမ်း ချင်းကိုယ်စားလှယ်)၊၂၂။ဦးသောင်ဇာခုတ် (တီးတိန် ချင်းကိုယ်စားလှယ်)၊ ၂၃။ ဦးကီယိုမာန်(ဟားခါး ချင်းကိုယ်စားလှယ်)

ပင်လုံစာချုပ်တွင် ပါဝင်သောအချက် ကိုးချက်

(၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့(တစညဖ)၏ ကြိုးကိုင် အဖွဲ့ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

(၂) ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တစ်ဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက် သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

(၃) အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက် ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန် ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။

(၅) အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင် စီကိုတိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစ်စုံတစ်ရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် အစိုးရအက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

(၇)နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

(၈) ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

(၉) ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

ဆောင်းပါးရှင် နေထွန်းနိုင်
Eleven Media Group စာမျက်နှာမှ ပြန်လည်ဖော်ပြအပ်ပါသည်။


ဆက်လက်ဖတ်ရှုတော်မူကြပါရန်>>>

Read More...